နှစ်ပေါင်း 20 အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလာတဲ့ နယူးကာဆယ်

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်မှာ သရေတစ် မှတ်ရရှိခဲ့ပြီးနောက် နှစ်ပေါင်း 20 အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့ပါပြီ။

ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ကို 2002-2003 ရာသီက နောက်ဆုံးအချိန် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

ဆော်ဒီသူဌေးအုပ်စုက ပေါင် 305 သန်းနဲ့ ဝယ်ယူခဲ့အပြီးမှာ ကစားသမားသစ်တွေကိုခေါ်ခဲ့ပြီး အသင်းရဲ့အခြေအနေ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။

Photo: Newcastle United