နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာတွင် အမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ) အမျိုးသား နှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး


မေ ၂၄
     
       ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့် မန္တလေး တိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာ၊ထနောင်းပင်လဲလမ်းဆုံအနီး လမ်းဘေးတွင် အသက် ၂၀ ခန့် ၊ အင်္ကျီအနက်ရောင် နှင့် ပုဆိုးအညိုရောင်ဝတ်ဆင်ထားသည့် အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အမျိုးသားတစ်ဦးကို ယာဘက်မျက်ခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အသက် ၂၀ ခန့် စိမ်း/ ဝါ /ပြာကြားအင်္ကျီနှင့် ပုဆိုး အပြာရောင် ဝတ်ဆင်ထားသည့် အမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ) အမျိုးသားတစ်ဦးအား နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

     အဆိုပါ အမည်၊နေရပ်လိပ်စာစိစစ်ဆဲ အမျိုး သား ရုပ်အလောင်းများကို နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ညနေ ၆ နာရီအချိန်တွင် ပို့ဆောင်ခဲ့ပြီး လူသတ်တရားခံအကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် အခင်းဖြစ်အနီးပတ်ဝန်းကျင်နေရာများရှိ ဗောဓိကုန်းကျေးရွာ၊စည်ပင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာများသို့ နယ်မြေရှင်းလင်း လိုက်လံစုံစမ်းရှာဖွေ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN