နွားထိုးကြီးမြို့နယ်တွင် ရာအိမ်မှုး တစ်ဦးနှင့် သာမန်ပြည်သူ တစ်ဦးတို့ကို လူသတ်အကြမ်း ဖက် PDF များက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


မေ ၂၂

      ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊အင်ချောင်းကျေးရွာ၌ ဦးခင်မောင်သန်း၊၅၆နှစ်၊(ဘ)ဦးတင်အောင်၊ရာအိမ်မှုး၊အင်ချောင်းကျေးရွာနေသူနှင့် ဒေါ်မှတ်တင်၊၆၅နှစ်၊(ဘ)ဦးစံတင်၊အင်ချောင်းကျေးရွာနေသူတိုကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

      ဖြစ်စဥ်မှာ ရာအိမ်မှုး ဦးခင်မောင်သန်းသည် နေအိမ်၌ တစ်ဦးတည်းရှိနေစဥ် အမည်မသိ လူသတ်အကြမ်းဖက် PDF ၁၀ ဦးက သေနတ်အတို၊အရှည်များကိုင်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့်ရောက်ရှိလာရာ ဦးခင်မောင်သန်း က ထွက်ပြေးခဲ့စဥ် အိမ်နီးချင်းဖြစ်သူ ဒေါ်မြသန်း၏နေအိမ်ခြံဝင်းအတွင်း အရောက်၌ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပြီး သာမန်ပြည်သူ ဒေါ်မှတ်တင်မှာ ကျေးရွာအတွင်း အလှုအိမ်၌ ကူညီလုပ်ကိုင်နေစဥ် သေနတ်သံကြား၍ နေအိမ်သို့ပြန်လာရာ အင်ချောင်းကျေးရွာ၊ရွာပတ်လမ်းအရောက်၌အကြမ်း ဖက်အဖွဲ့က အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

      ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခင်မောင်သန်း တွင် နဖူးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်း ကောင်း၊ ဒေါ်မှတ်တင် တွင် နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း အသီးသီးဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

PAN