“တစ်ဖက်သတ်ဝါဒခေတ်ကုန်သွားပြီဖြစ်တယ်လို့ပြောကြားခဲ့သည့် အိီရန်သမ္မတ”

မေလ ၂၄

အီရန်နိုင်ငံ၏ သမ္မတ Ebrahim Raeisi သည် အင်ဒိုနီးရှားနိုင်ငံသို့ အလည်အပတ်ခရီးစဥ် အဖြစ် ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၃ရက်နေ့တွင် နှစ်နိုင်ငံကြားစီးပွားရေး နှင့် ဆက်ဆံရေးများ တိုးချဲ့နိုင်ရန် ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အီရန်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ တို့ကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ခြင်းသည် အစ္စလာမ်ကမ္ဘာနှင့် မွတ်စလင်အားလုံးအတွက် အကျိုးရှိစေမှာဖြစ်ပြီး တစ်ဖက်သတ်ဝါဒခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း အီရန်သမ္မတ Ebrahim Raeisi က အင်ဒိုနီးရှား သမ္မတ Joko Widodo နှင့် တွေ့ဆုံမှုများပြုလုပ်နေစဥ် ပြောကြားခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံသည် BRICS အဖွဲ့အစည်းကြီးတွင် ပါဝင်နိုင်ရန် တောင်းဆိုထားသော နိုင်ငံတစ်နိုင်ငံ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုနေ ကြပါတယ်။