ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးဥက္ကဌ တစ်ဦးကို PDF အကြမ်းဖက်သောင်း ကျန်းသူများ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်


မေ ၂၆

    ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊သရက်ချိုပင်ကျေးရွာအုပ်စု၊သရက်ချိုပင်ကျေးရွာနေ ဦးထွန်းဝေ၊၆၅နှစ်၊(ဘ)ဦးစံဌေးသည် နေအိမ်မှ ၎င်းပိုင်လယ်တောသို့အသွား သရက်ချိုပင်-မိုးထောင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် PDF အမည်ခံ လူသတ်အကြမ်းဖက်သမား(အင်အားစီစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးထွန်းဝေမှာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားပါသည်။

       ဆိုပါသေဆုံးသူ ဦးထွန်းဝေ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သရက်ချိုပင်ကျေးရွာဥက္ကဌ တစ်ဦးဖြစ်ပြီး လူသတ်အကြမ်းဖက် PDF များအနေဖြင့် ”ငါနှင်မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒအတိုင်း ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN