သထုံမြို့နယ်၊သိမ်ဆိပ်အပိုင်၊ ဇရပ်ကျွန်းလမ်းခွဲအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ၂၂ ဘီးတွဲယာဥ်တစ်စီးကို လူသတ်အကြမ်းဖက် PDF များက မိုင်းထောင်ဖောက်ခွဲ


မေ ၂၃

      ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊သထုံမြို့နယ်၊သိမ်ဆိပ်အပိုင်၊ ဇရပ်ကျွန်းလမ်းခွဲအနီး၊ ရန်ကုန်-မော်လမြိုင် ကားလမ်း တွင် ဘားအံမှ နေပြည်တော်သို့ ယာဉ်မောင်း ပြည့်စုံထွန်း၊ ၃၀ နှစ်၊နေပြည်တော်၊တပ်ကုန်းမြို့နေသူ မောင်းနှင်သည် NPW/6R-7488 ၂၂ ဘီးတွဲယာဥ်ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က  မိုင်းဖောက်ခွဲခဲ့ပါသည်။

     ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တွဲကားရှေ့ဦးခေါင်း မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း၊ယာဉ်ပေါ်ပါရှိသည့် ခင်ကျော့ကျော့ထွန်း(မစိုးရိမ်ရ)နှင့် ၎င်း၏သမီးဖြစ်သူ သုန်သုန်(ခ)ထွန်းဝတီမောင် ၂ နှစ်(မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိပါသည်။

PAN