ရေစကြိုမြို့နယ်၊ရေစကြို – ပခုက္ကူ ကားလမ်းမကြီးပေါ်တွင် လူသတ်အကြမ်းဖက် PDF များက အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်မှုများ မကြာခဏပြုလုပ်


မေ ၂၁

      ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်၊ ကြီးကန်အုပ်စု၊တောင်အိုရွာအနီး ရှင်မတောင်တက်လမ်းခွဲဆိုင်းဘုတ်အနီးတွင် လူသတ်အကြမ်းဖက်(PDF)များက ခရီးသွားကားပေါ်မှ (ကျား/မ)ပေါင်း ၅ ဦးကို မျက်နှာများအဝတ်စီး၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

      လူသတ်အကြမ်းဖက် PDF များသည် ပခုက္ကူ – ရေစကြို ကားလမ်းမကြီးပေါ်ရှိ ပန်တိုင်းခြုံကျေးရွာ၊ ကိုရှိန်းဓာတ်ဆီဆိုင်အနီး၊ တာတိုင်ရွာ ရှင်မတောင် တောင်တက်လမ်း၊ အောင်မိုးလမ်းကွေ့နှင့် အောက်အို(အရှေ့)ကျေးရွာ၊နေရာ ၅ ​နေရာတို့မှ ခရီးသွားကားများ၊အိမ်စီးကားများအား မကြာခဏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ၎င်းတို့ စိတ်မထင်လျှင် မထင်သလို လုပ်ဆောင်​နေကြကြောင်း၊ ရေစကြို –ပခုက္ကူ အဓိကအရေးပါးသော ​လမ်းမကြီးအား အမြန်ဆုံးလုံခြုံအောင်
လိုအပ်သလိုချထားဆောင်ရွက်ပေးရန် ပြည်သူများလိုလားနေကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN