“မြန်မာပါဝင်သည့် အီရန်နိုင်ငံ တီဟီရန်မြို့တော် တွင်ကျင်းပ ပြုလုပ်နေသော ACU နိုင်ငံများ ထိပ်သီးအစည်းအဝေးပွဲ”

မေလ ၂၅

၅၁ ကြိမ်မြောက်ကျင်းပပြုလုပ်သည့် Asian Clearing Union (ACU) ထိပ်သီးအစည်း အဝေးကို အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့ မှာယနေ့မေလ ၂၅ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့တာဖြစ်ပါတယ်။

နှစ်ရက်ကြာကျင်းပမည့်အဆိုပါ ACU ထိပ်သီး အစည်းအဝေးပွဲသည် ACU နိုင်ငံများကြား ကုန်သွယ်ရေး များတွင် ဒေါ်လာ ငွေ အသုံးမပြုကြရန် နှင့် မိမိနိုင်ငံငွေကြေးများဖြင့် ကုန်သွယ်မှုများ ပြုလုပ် နိုင်ရန် အဓိကထားဆွေးနွေး လုပ်ဆောင် သွားကြမှာ ဖြစ်ပါတယ်။

Asian Clearing Union (ACU ) အဖွဲ့ဝင် နိုင်ငံ များ၏ ဗဟိုဘဏ်များမှ အုပ်ချုပ်ရေးမှူး အဆင့် ရှိသူ များသည် နိုင်ငံတကာ ကုန်သွယ်မှုများ တွင် ၎င်းတို့နိိုင်ငံ ၏ ငွေကြေးများကိုသာ အသုံးပြုနိုင်ရန် ဖြစ်နိုင်ချေရှိသော အခြေအနေများ ကို အဆိုပါ အစည်းအဝေးတွင် နည်းလမ်းများ ရှာဖွေသွားကြ မှာလည်း ဖြစ်ပါတယ်။