မန္တလေး တိုင်းဒေသကြီးအတွင်း အစိုးရ ထွေ/အုပ်ရုံး၊တရားလွှတ်တော်ရုံးနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးတို့ကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့ က ဒရုန်းများသုံး၍တိုက်ခိုက်ရန်ကြိုးစား


မေ ၂၆

        ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ် ကွက်၊၁၁၅လမ်း၊၆၁×၆၂လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အထက်ကောင်းကင်ယံ အမြင့်ပေ ၅၀၀ခန့်တွင် ဒရုန်းတစ်စီး ပျံသန်းနေသည်ကိုတွေ့ရှိရသည့်အတွက် လုံခြုံရေးတာဝန်ကျအဖွဲ့မှ လက်နက်ငယ်ဖြင့် အချက် ၅၀ ခန့် ပစ်ခတ်ခဲ့ရာ အဆိုပါဒရုန်းမှာ အရှေ့ဘက်သို့ ဆက်လက်ပျံသန်းသွားကြောင်း သိရှိရပါသည်။

      အလားတူ ည ၈ နာရီ ၅ မီးနစ်အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊၆၈လမ်း၊ ၁၀၄×၁၀၅လမ်း ကြားရှိ မန္တလေးတိုင်းဒေသကြီး၊တရားလွှတ်တော်ရုံးနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံး အထက်ကောင်းကင်ယံတွင် ဒရုန်းတစ်စီး ပျံသန်းနေသည်ကိုတွေ့ရှိရသည့်အတွက် လုံခြုံရေးတာဝန်ကျအဖွဲ့က မောင်းပြန်ရိုင်ဖယ်ဖြင့် ၁၈ ချက်ခန့် ပစ်ခတ်ခဲ့ရာ အဆိုပါဒရုန်းမှာ အနောက်တောင်ဘက်သို့ ဆက်လက်ပျံသန်းသွားကြောင်း သတင်းရရှိပါ သည်။

    တိုက်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ စစ်အစိုးရတော်လှန် ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒအရ ၎င်းတို့ကို အားပေးထောက်ခံခြင်းမရှိသူများကို ရန်သူဟု သဘောထား၍ လူသားတိုင်းလိုက်နာကျင့်သုံးရမည့် ဂျီနီဗာကွန်းဗင်းရှင်းနိုင်ငံတကာဥပဒေကို မသိနားမလည်ဘဲ အလွယ်တကူချိုးဖောက်နေကြသဖြင့် မည်သည့်ဖက်မှမပါဘဲ အေးချမ်းစွာနေထိုင်လိုသောပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN