ဘီးလင်းမြို့နယ်​ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ရပ်​/​ကျေးဥက္ကဋ္ဌ ၏​နေအိမ်​ကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်​ပစ်​ဗုံးဖြင့်​ ၂ ကြိမ် လာရောက်ပစ်ခတ်


မေ ၂၃

       မွန်​ပြည်​နယ်​၊ကျိုက်​ထိုခရိုင်​၊ဘီးလင်းမြို့နယ်​၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စု ၊ ရွာ​လေးရပ်​ကွက်​၊ ကျိုက်​ထီး​ဆောင်းဘုရား​ခြေရင်းရှိ ဦး​ကျော်​ကျော်​၊ရပ်​/​ကျေးဥက္ကဋ္ဌ ၏​နေအိမ်​ကို ယမန်နေ့ ည ၁၀ နာရီခွဲအချိန်​တွင်​ လူသတ်အကြမ်းဖက် PDF များက လက်​ပစ်​ဗုံးဖြင့်​ လာရောက်ပစ်​ခတ်​ဖောက်​ခွဲပြီး ထွက်ပြေးသွားခဲ့ပါသည်။

     အလားတူ ယနေ့နံနက် ၅ နာရီခွဲအချိန်​တွင်​လည်း ဦး​ကျော်​ကျော်​ နေအိမ်​ကို လူသတ်အကြမ်းဖက် PDF များက လာ​ရောက်ကာလက်​ပစ်​ဗုံးဖြင့်​ ထပ်​မံ၍ပစ်​ခတ်​ဖောက်​ခွဲခဲ့သဖြင့်​ ဦး​ကျော်​ကျော်​၏​နေအိမ်​မျက်​နှာစာရှိ စက်သုံးဆီပန့်နှင့် ဆိုင်​ပစ္စည်းများ ပျက်စီးခဲ့​ကြောင်း၊ လူထိခိုက်​ဒဏ်​ရာ ရရှိမှုမရှိ​ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ ရပ်/ကျေးဥက္ကဌ ဦး​ကျော်​ကျော်​ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်ကြောင်း သိရှိရပါသည်။

PAN