“ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် ခရီးစဥ် အဖြစ်ရောက်ရှိလာသည့်United Russia ပါတီ၏ ခေါင်းဆောင်”

မေလ ၂၂

ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဌနှင့် လက်ရှိအာဏာရ United Russia ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Dmitry Medvedev သည် ဗီယက်နမ်နိုင်ငံသို့ ပြီးခဲ့သည့်မေလ ၂၁ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်နိုင်ရန် ဗီယက်နမ်နိုင်ငံ ၏မြို့တော် Hanoiမြို့သို့ ရောက်ရှိခဲ့ပါတယ်။

အဆိုပါ ခရီးစဥ်နှင့် ပတ်သတ်ပြီး Dmitry Medvedev၏ အတွင်းရေးမှူးရဲ့ ပြောကြားချက်များအရ ဆွေးနွေးပွဲ အစီအစဉ်တွင် ဗီယက်နမ်နိုင်ငံ၏ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong နှင့် ပါတီအမှုဆောင်အတွင်းဝန် Truong Thi Mai တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ပြောဆိုထားပါတယ်။

ဗီယက်နမ်နိုင်ငံ၏သမ္မတ Vo Van Thuong နှင့် ၀န်ကြီးချုပ် Pham Minh Chinh တို့နှင့် လည်း အဆိုပါ ခရီးစဥ်တွင်တွေ့ဆုံသွားမှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ မြို့တော် Hanoiမြို့ရှိ သူရဲကောင်းများ အထိမ်းအမှတ် ဂူဗိမာန် နှင့် Ho Chi Minh’s ဂူဗိမာန်တော်တို့တွင် လွမ်းသူ့ပန်း ခွေချခြင်းများ ပြုလုပ်သွားမှာ လည်းဖြစ်ပါတယ်။