ဖျာပုံမြို့ ဂဠုန်မင်းရွှေဆိုင်အား လူ ၄ ဦး ဆိုက်ကယ် ၂စီးဖြင့်လာရောက်၍ ဓားပြတိုက်


မေ ၂၁

       ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့၊အမှတ် (၂) ရပ်ကွက်၊ပထမလမ်းရှိ ဒေါ်အေးအေးသက်ပိုင်ဆိုင်သော ဂဠုန်မင်းရွှေဆိုင်အား လူ ၄ ဦး ဆိုက်ကယ် ၂စီးဖြင့်လာရောက်ကာ သေနတ် ၂ ချက်ပစ်ဖောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဓားပြတိုက်သူ ၄ ဦးအနက် ဦးသောင်းလှိုင်၊ဒေါ်ညိမ်းကျေးရွာ၊ဖျာပုံမြို့နယ်နေသူနှင့် နောက်တစ်ဦးတို့ကို သေနတ်အတု နှစ်လက်ဖြင့်ဖမ်းစီးရမိထားပြီးကျန်နှစ်ဦးမှာရွှေပုံးတစ်ပုံး ၆၈ ကျပ်သားခန့်နှင့် အတူထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါသည်။

    ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ကျန်တရားခံများကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း၊ ည ၈ နာရီကျော်အချိန်အထိ ဆက်စပ်တရားခံ ၈ ဦးကို ဖမ်းဆီးထိမ်းသိမ်းထားရှိကြောင်းနှင့် ၄င်းတို့အများစုမှာ ကုလားလူမျိုးများဖြစ်ကြောင်း ဒေသခံပြည်သူတို့ထံမှ သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN