” နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း “

အမေစုဖွင့်တဲ့ကျောင်းမှထားမယ်၊ အမေစုပြန်လာမှ ကျောင်းတက်ခိုင်းမယ်၊စစ်ကျွန်ပညာရေးမို့
မသင်ဘူး။ ရပါတယ်၊ မိဘတွေရဲ့ သဘောဆန္ဒကို မည်သို့မျှ ပိတ်ပင်တားဆီးလို့ မရပါဘူး။
ကိုဗစ်ကြောင့် ကျောင်းတစ်နှစ်ပိတ်ထားစဉ်
ရယ် NLD ပါတီရဲ့ အာဏာယစ်မူးပြီး မဲလိမ်မဲခိုးမှု့တွေကြောင့် တပ်မတော်က အာဏာထိမ်းလိုက်တဲ့ အချိန်တွေမှာရယ် ကျောင်းတွေကို နှစ်နှစ်တိတိနားလိုက်ရပါတယ် ။
ဒီကာလတွေမှာ ကလေးတွေကို အချို့မိဘတွေကအလေ့အကျင့်မပျက်အောင် ကျူရှင်ထား ဒါမှမဟုတ် ဝိုင်း သင်ကြတယ်။အချို့မိဘတွေကအိမ်အလုပ်တွေကူခိုင်းတယ် ။အချို့မိဘတွေကအိမ်အလုပ် မယ်မယ်ရရကူစရာမရှိတဲ့ကလေးတွေကို ဖုန်းပွတ်၊TV တွေနဲ့ထားကြတယ်။
အချို့ကလေး စကောစကတွေက အောက်ခြေမှာ ဥပဒေစိုးမိုးမှု အားနည်းစဉ် နိုင်ငံရေးအလှည့်အပြောင်းတွေမှာ လုပ်လေ့ရှိကြတဲ့ လောင်းကစားဝိုင်းတွေရောက်သွားကြပါတယ်။
ဒေသမတည်ငြိမ်တဲ့ နေရာတွေမှာတော့ ဘာအာမခံချက်မှ မပေးနိုင်တဲ့ လေလှိုင်းအစိုးရ NUG ကဖွင့်ပေးပါတယ်ဆိုတဲ့ကျောင်းတွေမှာ ထားကြတယ်။ ဒါကတော့ NUG လက်အောက်ခံ အကြမ်းဖက် PDF တွေရဲ့ ငါနဲ့မတူငါ့ရန်သူဆိုပြီး ဒလန်စွတ်စွဲ သတ်ဖြတ်ခံရမှု့တွေကိုကြောက်လို့ ထားကောင်းထားရတာလည်း ဖြစ်နိုင်သလို CDM ဆရာ/ဆရာမတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
များမကြာမှီမှာ ဇွန် ၁ ရက်နေ့ ကျောင့်ဖွင့်ရာသီ ရောက်ပါတော့မယ်။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ကျောင်းဖွင့်ရာသီကို ပြန်မြင်ယောင်မိပါတယ်။ ၂၀၂၂ ခုနှစ် ကျောင်းဖွင့်ရာသီမှာ စဖွင့်တဲ့ကျောင်းတွေကိုလေ့လာကြည့်မယ်ဆို ကျောင်းစဖွင့်လို့ တစ်ပါတ်ကျော်တဲ့အချိန်မှာ ကျောင်းတက်တဲ့ကလေးတွေ ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
ကျူရှင်တွေ၊ ဝိုင်းတွေနဲ့ အလေ့အကျင့်မပျက်ကြသူတွေကတော့ ကျောင်းတက်လည်း အေးအေးဆးဆေးပုံမှန်စာလိုက်နိုင်ကြတယ်။အိမ်အလုပ်လုပ်ရသူတွေနဲ့ အိမ်မှာ TV ကြည့်နေတဲ့သူတွေကတော့ ကျောင်းသွားဖို့ အေးဆေးပါဘဲဘယ်မှာအခက်တွေ့လဲဆိုတော့စာတွေ အလွယ်တကူမလိုက်နိုင်တော့ စိတ်ညစ်ကြတယ်။စာကျက်ခိုင်းလိုက်တဲ့အခါ အရင်လို အလွယ်တကူမရတော့ ငိုကြတယ်။
ဖုန်းပွတ်ဂိမ်းဆော့နေခဲ့ကြတဲ့ကလေးတွေနဲ့ လောင်း ကစားဝိုင်းသွားလေ့ရှိတဲ့ကလေးတွေကတော့ ကျောင်းတက်ဖို့ကိုပင် ငြင်းဆန်နေကြပါပြီ။
သို့ပါသောကြောင့် နောက်ထပ် အမေစုဖွင့်မယ့်ကျောင်းထားမယ်၊ အမေစုပြန်လာမှကျောင်းတက်မယ်၊ NUG ကဖွင့်တဲ့ကျောင်းပဲတက်မယ်လို့ ယူဆခဲ့ကြရင် အခုကြုံရတဲ့ ပြဿနာတွေကို ထည့်သွင်းစဉ်းစားကြဖို့တော့လိုပြီလို့ထင်မိပါတယ်။
ကလေးငယ်ဆိုတာ နိုင်ငံရဲ့ “ရတနာ”ပါ မိမိတို့ရဲ့ရင်သွေးရတနာကို နှစ်နှစ်ဆိုသောအချိန်ကာလမှာ ချစ်ရာရောက်သလား နှစ်ရာရောက်သလား စဉ်းစားဖို့လိုနေပါပြီ။
“ပန်းကလေးများပွင့်တော့မည် ဖူးတံဝံ့လိုချီ “
“နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း”
စတဲ့ကဗျာလေးကို ပြန်လည်သတိရရင်းဖြင့်

အမေဖွင့်မယ့်ကျောင်း စောင့်ဖို့ အချိန်ရှိသေးရဲ့လား
အလေးအနက် စဉ်းစားကြဖို့လည်းလိုပြီ ဆိုတာ
တင်ပြလိုက်ရပါသည်ခင်ဗျာ။