“တရုတ်မှ G7 ထိပ်သီးအစည်းအဝေး၏​ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး တရုတ်ကဂျပန်သံအမတ်ကို ဆင့်ခေါ် “

မေလ ၂၂

တရုတ်နိုင်ငံ၏နိုင်ငံခြားရေး ဝန်ကြီးဌာနက Sun Weidong သည် ၎င်းတို့တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ဂျပန်နိုင်ငံ နှင့် အခြား The Group Of Seven အဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း Sun Weidong က ပြီးခဲ့သည့်မေလ ၂၁ရက်နေ့တွင် ပြောကြားခဲ့​တာဖြစ်ပြီး ဂျပန်နိုင်ငံ၏ သံအမတ် နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

အနောက်အုပ်စုနိုင်ငံများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများအတွက် ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ကြသည့် G7 ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ် (Beijing) နဲ့ ပတ်သက်တဲ့ ကြေညာချက်များအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာဖြစ်ပြီး နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာများထုတ်ပြန်ခဲ့သည့် G7 အစည်းအဝေး၏ထုတ်ပြန်ချက်များ၊လုပ်ဆောင်ချက် များ သည် တရုတ်နိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေပြီး အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်ရည်ရွယ်နေ ခြင်းဖြစ်တယ်လို့ ၎င်းက ထောက်ပြပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။