“တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည့် Republic of the Congoနိုင်ငံ သမ္မတ”

မေလ ၂၂

▪️အာဖရိကတိုက်အလယ်ပိုင်းရှိ Congo နိုင်ငံ၏ သမ္မတ Felix-Antoine Tshisekedi Tshilombo သည် တရုတ်နိုင်ငံ၏ သမ္မတ Xi Jinping ရဲ့ ဖိတ်ကြားချက်အရ လာမည့် မေလ ၂၄ ရက်မှ ၂၉ ရက်နေ့ အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဥ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့မေလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ် ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ခရီးစဥ်၏ ရည်ရွယ်ချက်မှာ Congoနိုင်ငံသားများ နှင့် တရုတ် ပြည်သူများအတွက် အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အာမခံချက်ရှိပြီး ပိုမိုခိုင်မာသော အခြေအနေများဖြစ်ပေါ်စေရန် တရုတ်-ကွန်ဂို ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် တိုးချဲ့နိုင်ရန်ဖြစ်ကြောင်း Congo သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

▪️ Democratic Republic of the Congo နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်သည့် Christophe Lutundula သည် မေလ ၂၁ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မှုများပြီးနောက် Congo သမ္မတ၏ ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ သတင်းဌာနများမှဖော်ပြပြောဆိုနေကြပါတယ်။