တမူးမြို့နယ်၊ပန်းသာပြည်သူ့စစ်ကျေးရွာကို လူသတ်အကြမ်းဖက် PDFအဖွဲ့က ရန်ငြိုးထား၍ကျေးရွာအတွင်း အကြိမ်ကြိမ် ဝင်းရောက်တိုက်ခိုက်


မေ ၂၄
     
    စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၊ပန်းသာကျေးရွာ(ပြည်သူ့စစ်ရွာ)ကို ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF အင်အား ၁၀၀ ခန့်က တမူး-ကလေးလမ်း ရွာ၏ တောင်ဘက်မှဝင်ရောက်ပြီး ဒရုန်းမျာဖြင့်လာရောက်၍ ရွာအတွင်း ၄ နေရာခန့်ကို ဒရုန်းဗုံး ၁၅ လုံးခန့် ကြဲချခဲ့ရာ ဒရုန်းဗုံး ၁၀ လုံးခန့်ကွဲခဲ့ပါသည်။

      ရွာ၏တောင်ခြမ်းရှိ အိမ်၅လုံးကိုလည်း လူသတ်အကြမ်းဖက်PDFအဖွဲ့က ဝင်ရောက်
မီးရှို့သွားကြောင်း၊ပန်းသာရွာပြည်သူ့စစ်မှ၁နာရီခန့်ကြာ ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက် PDFအဖွဲ့မှလည်း ထိခိုက်မှုဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ပန်းသာကျေရွာမှ ရွာ သား၂ ဦးဗုံးစမှန်ထိမှန်ကြောင်း(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။
   
      ပန်းသာကျေးရွာပြည်သူ့စစ်အဖွဲ့ကို အကြမ်း ဖက် PDF အဖွဲ့များက ယခင်ကတည်းက လာရောက်တိုက်ခိုက်ခဲ့ရာ မအောင်မြင်သဖြင့် ရန်ငြိုး ထားကာ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်နေကြောင်း၊ ကျေးရွာပြည်သူ့စစ်အဖွဲ့ကို လက်နက်ခဲယမ်းအင်အားဖြည့်တင်းပေးစေလိုကြောင်း ပန်းသာကျေးရွာမှ  ဒေသခံများက သတင်းပေးပို့လာ
ပါသည်။

PAN