ငါန်းဇွန်မြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံသူ တစ်ဦးတို့ကို PDF အမည်ခံလူသတ်အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်


မေ ၂၄

       ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာအုပ်စု၊သံကုန်းကျေးရွာနေ သံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ကိုသန့်ဇော်လင်း၊၃၈နှစ်၊(ဘ)ဦးဝင်းရွှေနှင့် သံကုန်းကျေးရွာအုပ်စု၊ဇလုပ္မကျေးရွာနေ၊အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးတင်လင်း၊၄၅နှစ်၊(ဘ)ဦးသိန်းတို့သည် ဇလုပ္မကျေးရွာ၏ မြောက်ဘက် ကားလမ်းဘေး ကွမ်းယာဆိုင်၌ရှိနေစဥ် PDF အမည်ခံလူသတ်အကြမ်းဖက်သမား ၅ ဦး၊ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာကာ သေနတ် (အရှည်)များဖြင့် ပစ်ခတ်ပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ပါသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုသန့်ဇော်လင်းနှင့် ဦးတင်လင်းတို့ ၂ ဦးစလုံးသည် အခင်း ဖြစ်နေရာတွင်သေဆုံးသွားကြောင်းနှင့် အကြမ်း ဖက်သမား PDF များမှာ ကိုသန့်ဇော်လင်းနှင့် ဦးတင်လင်းတို့၏ဆိုင်ကယ် ၂စီးနှင့်လက်ကိုင်ဖုန်း ၂ လုံးတို့ကို ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

     အဆိုပါ အသတ်ခံရသူ ကိုသန့်ဇော်လင်းမှာ ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးဥက္ကဌတစ်ဦးဖြစ်ပြီး ဦးတင်လင်းသည် ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံသူဖြစ်ကြောင်းနှင့် PDF အမည်ခံလူ သတ်အကြမ်းဖက်များသည် ငါနှင်မတူ ငါ့ရန်သူဟူသော အကြမ်းဖက်ဝါဒဖြင့် ပြည်ခိုင်ဖြိုးပါတီ ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

PAN