ဆောင်းတွင်းအသားမပပ်အောင် အလှမပျက်အောင်

ဆောင်းတွင်းမှာ အသားအရေပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ မျက်နှာမှာ ရာသီဥတုကြောင့် ပျက်စီးနေတာမျိုး မဖြစ်အောင် အရေပြားဂရုစိုက်ဖို့လိုပြီး Skin Care လိမ်းသင့်ပါတယ်။ ဆောင်းတွင်းရောက်ပြီဆိုရင်  ခြေထောက်၊ လက်၊ မျက်နှာနဲ့ တစ်ကိုယ်လုံး အသားပပ်တာမျိုး ဖြစ်တတ်ပါတယ်။ အသားပပ်တယ်ဆိုတာ ခြေထောက်၊ လက်နဲ့မျက်နှာမှာ တင်းတင်းကြီးဖြစ်နေပြီး အစင်းကြောင်းနဲ့ အကွက်တွေဖြစ်နေပါတယ်။ ဆောင်းတွင်းအေးအေး မှာ စိတ်ညစ်စရာက အသားပပ်တာပဲဖြစ်တယ်။

အသားပပ်ရင် မျက်နှာအသားအရေက ချောမွေ့မနေဘဲ အဖတ်တွေနဲ့ ကြမ်းနေတာမျိုးရှိပါတယ်။ အသားအရေ မကောင်းတာကြောင့် မိတ်ကပ်ပြင်တဲ့အခါ အဆင်မပြေတာမျိုးရှိတတ်တယ်။ အသားပပ်တာမျိုးမဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ပါတာတွေ လိမ်းဖို့မမေ့သင့်ဘူး။

ရေများများ သောက်သင့်ပါတယ်။ ဆောင်းဝင်ပြီဆိုရင် ရေများများသောက်ဖို့ သတိရသင့်တယ်။ ရေများများ သောက်ရင် အပူကန်တာ၊ ဝမ်းချုပ်တာမရှိတဲ့အပြင် အသားအရေခြောက်တာလည်း သက်သာနိုင်ပါတယ်။ အသား အရေစိုစိုလေးဆိုရင် မိတ်ကပ်လိမ်းရတာ ပိုအဆင်ပြေပါတယ်။ အရေပြားလိုးရှင်းလိမ်းသင့်ပါတယ်။ အရေပြား ခရင်မဖြစ်မနေလိမ်းသင့်ပါတယ်။ လက်၊ ခြေတင်မကဘဲ တစ်ကိုယ်လုံးအနှံ့ လိမ်းသင့်ပါတယ်။ ဝတ်စုံက လက်မောင်းသားလေးတွေ၊ ကျောတွေလည်း ပေါ်နိုင်တယ်။ အသားပပ်တာ၊ အသားခြောက်တာတွေ မဖြစ်ရအောင် နေရာအနှံ့လိမ်းပေးသင့်တယ်။ မျက်နှာအသားအရေပပ်တာတွေနဲ့ ခြောက်သွေ့တာမရှိစေဖို့ အစိုဓာတ်ရှိဖို့ လိုအပ် ပါတယ်။ အစိုဓာတ်ထိန်းခရင် မဖြစ်မနေလိမ်းသင့်ပါတယ်။ ရေဓာတ်ရစေပါတယ်။

အရေပြားလိမ်းခရင် သေချာသုံးသင့်ပါတယ်။ မျက်နှာမှာ ရာသီဥတုကြောင့် ပျက်စီးနေတာမျိုးမဖြစ်အောင် Skin Care သေချာလိမ်းသင့်တယ်။ အစိုဓာတ်ပါတာတွေ၊ ရေဓာတ်ပါတာတွေ လိမ်းဖို့မမေ့သင့်ပါဘူး။

နေရောင်ခံလိမ်းဆေးလိမ်းသင့်ပါတယ်။ ဆောင်းတွင်းအေးနေတာပဲ နေရောင်ခံခရင်  မလိုအပ်ဘူးလို့မထင်သင့်ဘူး။  အသားအရေမခြောက်ဖို့ နေရောင်အောက်လုပ်ကိုင်နေရင် ခရမ်းလွန်ရောင်ခြည် မထိတွေ့အောင် နေရောင်ခံ လိမ်းဆေး လိမ်းသင့်ပါတယ်။

ဝမ်းမှန်သင့်ပါတယ်။ အရေပြားလိမ်းဆေးခရင် ဘယ်လောက်ကောင်းကောင်း ဝမ်းမှန်မှန်မသွားဘူး။ ဝမ်းချုပ် နေမယ်ဆိုရင် စိုပြည်ကြည်လင်တဲ့ အသားအရေမရနိုင်ပါဘူး။ ဆောင်းတွင်းကာလအသားမပပ်အောင် ကြိုတင် ကာကွယ်ထားနိုင်ရင် ပိုကောင်းပါတယ်။

ဆောင်းတွင်းမှာ မင်္ဂလာဆောင်တွေ ရှိတတ်ပါတယ်။ အမျိုးသမီးလေးတွေအတွက် အရေးအကြီးဆုံးနေ့ မင်္ဂလာဆောင်နေ့မှာ ကြည့်လို့လှနေဖို့ မိတ်ကပ်အပြင်အဆင် အသားအရေအပြင် ဆံပင်လေးတွေပါ လှပသပ်ရပ်ဖို့ လိုနေပါတယ်။

ဆံပင်ပေါင်းတင်ဖို့လိုတယ်။ မင်္ဂလာနေ့ရက်မှာ တောက်ပနေဖို့၊ ပွယောင်းမနေစေဖို့၊ ခြောက်သွေ့နေတာမျိုး မဖြစ်စေဖို့ ဆံပင်ပေါင်းတင်သင့်ပါတယ်။ အုန်းဆီစားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ရေခြောက်ဇွန်း၊ ပျက်စီးမှုတွေ ပြန်လည်ပြုပြင်ပေးတဲ့ ကြက်ဥနှစ်လုံးနဲ့ ထောပတ်သီးအနှစ်တို့ လိုအပ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေ ကို အရင်ဆုံးပန်းကန်ထဲ ထည့်မွှေသင့်တယ်။ မွှေထားတဲ့အရာတွေကို ပျော်ဝင်သွားအောင် အပူပေးသင့်တယ်။ ဆံသားကိုလိမ်းပြီး ဆံပင်ကို ချည်ပြီးအုပ်ထားသင့်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီး နောက်မှရေဆေးချပြီး ခေါင်းလျှော်လိုက်တာနဲ့ တောက်ပအိစက်တဲ့ ဆံသားတွေရရှိနိုင်တယ်။

အသားအရေ ဝင်းပစေဖို့လိုပါတယ်။ အသားအရေခြောက်သွေ့ခြင်းက သက်သောင့်သက်သာမဖြစ်တဲ့ပြင် အလှကုန် ပစ္စည်းအတော်များများနဲ့လည်း လိုက်ဖက်မှုရှိတဲ့အတွက် အသားအရေကို အမြဲစိုပြည်ဝင်းမွတ်အောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေက အုန်းဆီအနည်းငယ်၊ သံလွင်ဆီအနည်းငယ်၊ ပျားဖယောင်းအနည်းငယ်၊ ရေအနည်းငယ်ကို ဆူပွက်တဲ့အထိ မီးအေးအေးဖြင့်ကျိုပြီး အအေးခံထားသင့်တယ်။ ရေခဲသေတ္တာထဲထည့်ပြီး တစ်လခန့် အသုံးပြုနိုင်တဲ့ လိုးရှင်းရရှိပါတယ်။

သကြားသည် အသားအရေအတွက် ခြောက်သွေ့ပြီး ဆဲလ်သေတွေကို လျော့နည်းစေဖို့  အကောင်းဆုံးဖြစ်တယ်။ သကြားခွက်တစ်ဝက်၊ သံလွင်ဆီတစ်ဝက်၊ အုန်းဆီတို့ကိုရောမွှေပြီး ခွက်တစ်ခုထဲထည့်ထားကာ ရေချိုးတိုင်း အသားအရေပေါ်ကို ပွတ်လိမ်းပေးခြင်းက ချောမွတ်ဝင်းပတဲ့ အသားအရေလေးရပြီပဲ ဖြစ်တယ်။ နှုတ်ခမ်းပေါင်း တင်ဖို့လိုတယ်။ ခြောက်သွေ့အက်ကွဲတဲ့ နှုတ်ခမ်းတွေကို ဘယ်သူမှမနှစ်သက်ဘူး။ သတို့သမီးလေးတွေက ပိုပြီး မနှစ်သက်ပါဘူး။ ပျားဖယောင်းအနည်းငယ်၊ ထောပတ်အနည်းငယ်၊ အုန်းသီးအနည်းငယ်ကို ခွက်တစ်ခုထဲ ထည့်ပြီး   စက္ကန့် ၃၀ လောက် အပူပေးပြီး နှံ့အောင်မွှေသင့်ပါတယ်။ အအေးခံပြီးနောက်မှာ အသုံးပြုနိုင်ပါတယ်။ တောက် ပြောင်တဲ့ဆံပင်၊ ဝင်းမွတ်တဲ့ အသားအရေ၊ နှင်းဆီဖူးလေးလိုနှုတ်ခမ်း၊ ဖြိုးဝင်းတဲ့ မျက်နှာတို့ကို ပိုင်ဆိုင်ပြီဆိုရင် တော့ မင်္ဂလာပွဲမှာ ယုံကြည်မှုရှိရှိနဲ့ အရမ်းလှတဲ့သတို့သား၊ သတို့သမီးစုံတွဲဖြစ်မှာ သေချာပါတယ်။

ခန္ဓာကိုယ်မှာ ရာသီဥတုဒဏ်အခံစားရဆုံးကအရေပြားပဲဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကျန်းမာဖို့ မေ့ထားလို့မဖြစ်ပါဘူး။ ဆောင်းရာသီကာလမှာ အရေပြားကနေရောင်ခြည်ဒဏ်အပြင် လေဒဏ်ကိုပါ အပိုဆောင်းခံရပါတယ်။ အရေပြားကို အစိုဓာတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဆောင်းရာသီမှာအေးမြတဲ့ ရာသီဥတုအနေအထားကြောင့် ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ ရေဓာတ်မရတာကြောင့် အသားအရေတွေခြောက်သွေ့လာပါတယ်။ အရေပြားက လိုအပ်တဲ့ အာဟာရကို မရရှိတဲ့အခါ အလွယ်တကူ ခြောက်သွေ့အက်ကွဲလာတယ်။ အရမ်းပြင်းထန်တဲ့အခါမျိုးမှာ အရေပြား ကွဲအက်တာတွေက သွေးစို့တာမျိုးတောင် ဖြစ်လာနိုင်တယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြား ပြဿနာနဲ့ အခြားကျန်းမာရေး ပြဿနာတွေ အလွယ်တကူ ဖြစ်လာနိုင်တယ်။

အရေပြားခြောက်သွေ့တာမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် ခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိထားဖို့လိုတယ်။ အရေပြား ခြောက်သွေ့မှု အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းက အေးတဲ့ရာသီဥတု အခြေအနေနဲ့ ထိတွေ့မှု၊ ရေနွေးနဲ့ ရေချိုးတာ၊ မျက်နှာသစ်တာ၊ အရေပြားပြဿနာအခံရှိတာ၊ မီးလှုံတာ၊ အခန်းထဲအနွေးပေးစက်ဖွင့်ထားတာ၊ မကြာခဏ မျက်နှာသစ်တာ၊ လက်တွေ၊ ခြေတွေဆေးတာတို့မှာ အသားပပ်တတ်တယ်။

ဆောင်းရာသီမှာ လှပစိုပြည်တဲ့အသားအရေပိုင်ဆိုင်ဖို့ အထက်ကနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ရေများများလည်း သောက်သင့်ပါတယ်။ ဆောင်းရာသီလို အေးတဲ့သဘာဝပတ်ဝန်းကျင် အနေအထားမှာ တော်တော်များများက ရေသောက်ဖို့မေ့နေတတ်ပြီး ကော်ဖီ၊ ရေနွေးကြမ်းနဲ့ လက်ဖက်ရည်လိုမျိုး နွေးထွေးမှုကို ရစေမယ့် အရာတွေ ပိုသောက်ဖြစ်ကြပါတယ်။ သောက်စရာတွေက ရေဓာတ်ကိုဖြည့်မပေးနိုင်ပါဘူး။ အရေပြား ကျန်းမာဖို့ လိုအပ်တဲ့ ရေကိုသောက်ရမယ့်အပြင်  အရေပြားခရင်လိမ်းဖို့ မမေ့သင့်ပါဘူး။ ။

ဒေါက်တာလွင်သန့်