အသက် ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

အသက် ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသက်ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster Sinopharm) ထပ်ဆောင်းကာကွယ်ဆေးကို ဇန်နဝါရီ ၁၇ ရက်နံနက် ၉ နာရီမှစတင်၍ ထိုးနှံပေးသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက အမည်စာရင်းများ ရေးသွင်းပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနရှိဆရာ၊ ဆရာမများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။