(မိုးဇလ) စက်တင်ဘာ ၂၂
ဒီနေ့မနက် ၁၀ နာရီခန့်ကစတင်ရွာသွန်းခဲ့တဲ့ မိုးကြောင့် တောင်ကျရေတွေ မယ်ဆိုင်ချောင်းအတွင်း စီးဆင်းလာပြီး လာချီလိတ်မြို့ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။

တောင်ကျရေတွေကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ခဲ့ပြီး ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က)၊ (ခ) ရပ်ကွက်များတွေက လမ်းနဲ့ နေအိမ်တွေ နေဝင်နစ်မြုပ်နေတာဖြစ်ပါတယ်။

“မိုးရွာရင် ရေကြီးတာက တာချီလိတ်အတွက် အဆန်းတကျယ်မဟုတ်ပေမယ့် မိုးရွာမှာကိုတောင်ကြောက်နေတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဒီနေ့ရွာသွန်းတဲ့မိုးရေကြောင့် မယ်ဆိုင်ချောင်းရေမှတ်ဟာ (၄၄၄)စင်တီမီတာကိာရောက်ရှိခဲ့သလို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ရဲ့စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့်ကျော်လွန်ရောက်ရှိကာ ၂၄ နာရီအတွင်း တစ်ပေခန့်ထပ်မံမြင့်တက်လာနိုင်တယ်လို့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တာချီလိတ်မြို့နယ်အတွင်းက ချောင်းကမ်း အနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာကို ရှောင်ရှားကြဖို့ကိုလည်း မိုး/ဇလက အသိပေးနှိုးဆော်ထားပါတယ်။
#PAN