မန္တလေးမြို့အဝင်တွင် ဘီယာကားမှောက် ထိခိုက်ဒဏ်ရာရရှိမှုမရှိ

(မှုခင်း) စက်တင်ဘာ ၂၂

ဘီယာတွေတင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီးဟာ မန္တလေးမြို့အဝင်မှာ မတော်တဆတိမ်းမှောက်မှု​ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ၂၂ရက် ည၆နာရီအချိန်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းနားမှာ ဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) ထံကသိရပါတယ်။

ဘီယာများကို တင်ဆောင်လာတဲ့ ခြောက်ဘီးယာဥ်တစ်စီး တိမ်းမှောက်နေတဲ့ သတင်းအရ ရှာဖွေကယ်ဆယ်ရေးယာဥ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ထွက်ခွာ ကူညီခဲ့တယ်လို့လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ကပြောပါတယ်။

ဘီယာတင် ခြောက်ဘီးယာဉ် မတော်တဆတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှမရှိဘူးလို့လည်း သိရပါတယ်။

#PAN