အန်တိုနီ အီလန်ဂါကို တရားဝင် ​ခေါ်ယူကြောင်း နော်တင်ဟမ် ဖောရက်စ်အသင်း ထုတ်ပြန်

ဇူလိုင် ၂၆     နော်တင်ဟမ် ဖောရက်စ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါ (အသက်၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး…

Mauritius International 2023 ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့တဲ့ သက်ထားသူဇာ

ဇူလိုင် ၂၅     မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ Mauritius International 2023 တွင် တတိယဆု ရရှိခဲ့ပါတယ်။     ၎င်းပြိုင်ပွဲကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်သျှနိုင်ငံတွင်…

ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားတဲ့ ဆာဘစ်ဇာ

ဇူလိုင် ၂၅ဒေါ့မွန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သြစတြီးယားလက်ရွေးစင်ကွင်းလယ်ကစားသမား မာဆယ် ဆာဘစ်ဇာကို ပြောင်းရွှေ့ကြေး ယူရို (၁၉)သန်းဝန်ကျင်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ဒေါ့မွန်အသင်းက ဆာဘစ်ဇာကို (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ်…

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဗဟို ၁၃ ကြိမ်မြောက်သက်ကြီးဟာသပညာရှင်များသက်ကြီးပူဇော်ကန်တော့ပွဲ

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဗဟိုရဲ့ ၁၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကန်တော့ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက် မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ MICC-2 မှာပြုလုပ်ကျင်းပခဲ့ပါတယ်။

လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့သွားတဲ့ ချာကာ

ဇူလိုင် ၇လေဗာကူဆင်အသင်းဟာ အာဆင်နယ်ရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာကို တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ချာကာကို ယူရို(၂၅)သန်းဖြင့် ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။Photos : Leverkusen

ရီးရဲလ်မက်ဒရစ်ကစားသမား အဆန်စီယိုကို ခေါ်ယူကြောင်း PSGအသင်း ထုတ်ပြန်************************************ဇူလိုင် ၇ PSG အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် စပိန် တိုက်စစ်ကစားသမား အဆန်စီယိုကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူပြီး ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ် စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။Photos: PSG

မေဆန်မောင့် ကို တရားဝင်ခေါ်ယူကြောင်း မန်ယူအသင်း အတည်ပြုကြေညာ************************************ဇူလိုင် ၆ မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လဲ ပါဝင်ခဲ့ပါတယ်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်းဖြစ်ကြောင်း သိရပါတယ်။ မေဆန်မောင့် ကို ဂန္ထဝင်နံပါတ်ဖြစ်သည့် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလဲ အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။Photos : Manchester United

မက်ဆီကို အပတ်တိုင်းသွားတွေ့မယ်ဟုဆိုကာ ပွဲတိုင်းအတွက် လက်မှတ်ဝယ်ပြီးပြီဆိုတဲ့ The Rock************************************ဇူလိုင် ၅ ဟောလိ၀ုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်အာလီအသင်းက လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနို ကို ခေါ်ယူ************************************ဇူလိုင် ၅ ဆော်ဒီကလပ် အယ်လ်အာလီအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနိုကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အယ်လ်အာလီအသင်းသည် ချယ်လ်ဆီးဂိုးသမား မန်ဒီကိုလည်း ခေါ်ယူထားသည့်အသင်းဖြစ်ပါတယ်။Photos : Al-Ahli