မွန်ပြည်နယ်၊ ရေးမြို့တွင် အလင်းဝင်လူငယ်နှစ်ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ*****************************************မေ ၃၀     ယနေ့ နံနက် ၉ နာရီအချိန်တွင်မွန်ပြည်နယ်၊  ရေးမြို့၊ စကခ(၁၉)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သော ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF များအား ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘများထံသို့ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။      အဆိုပါ အခမ်းအနားကို ဒုစကစမှူး၊ တပ်နယ်တပ်ရင်းမှ အရာရှိများ၊ ခစဖ(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မစဖ (ဥက္ကဋ္ဌ) နှင့်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းဝင်လူငယ် ၂ ဦးနှင့် ၎င်း၏မိဘများ၊ စုစုပေါင်းအင်အား ၃၅ ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။     အခမ်းအနားတွင် အလင်းဝင်လူငယ်နှစ်ဦးကဒုစကစမှူးထံ အလင်းဝင်လက်နက်ကို အပ်နှံခဲ့ပြီးခစဖ(ဥက္ကဋ္ဌ)မှ ဆုကြေးငွေများပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အလင်းဝင်များကို ၎င်းတို့၏ မိဘများထံသို့ပြန်လည်အပ်နှံ၍ အခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ #PAN

ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့အနီးမှ PDF အမည်ခံ လူသတ်အကြမ်းဖက်များ၏ လက် နက်နှင့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိ

မေ ၃၀     ယမန်နေ့က ဒေသခံ တာဝန်သိပြည်သူများ၏သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲရှိ တဲ ၂ လုံးအတွင်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများ၏  လက်နက်နဲ့ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။…

ဖလားမှာ နာမည်ကြိုရိုက်ထား

ဇွန်လ ၃ ရက် စနေနေ့ မြန်မာစံတော်ချိန် ည(8:30)နာရီမှာ ကစားမယ့် FA Cup final အတွက် အနိုင် ရရှိမယ့် အသင်းရဲ့ အမည် တဝက်ကို…

ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ်တစ်လျှောက် တောမီးများ လောင်ကျွမ်း

မေ ၃၀      ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ်တစ်လျှောက် ယမန်နေ့က တောမီးများ လောင် ကျွမ်းနေပြီး ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရှိရပါတယ်။      Halifax မြို့မှာ…

ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်အတွင်း နေအိမ်တစ်ခုမှ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိ*****************************************မေ ၃၀     ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် တာဝန်သိ ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် ၃ လမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ PDF အမည်ခံ လူသတ်အကြမ်း ဖက်တရားခံ ၄ ဦးနဲ့အတူ အကြမ်းဖက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။       သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်းမှ DJI Drone ၂ စီး၊ ၁၂ ဗို့ကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၃၀ တောင့်၊ အီနာဂါ ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများကို စစ်ကြောစစ်ဆေးလျှက်ရှိကြောင်းနှင့် တရားခံများကို အကြမ်းဖက်ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။ #PAN

ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၌ အကြမ်းဖက် PDF ၈လောင်း၊လက်နက် ၇ လက် နှင့် ဆက်စပ် ပစ္စည်းများ ရရှိမှု မေ ၃၀ ယမန်နေ့ညပိုင်းက မကွေးတိုင်း၊မင်းလှမြို့နယ်၊ဒီးဒုတ်ကန် အိုးဘိုကုန်းရေဘော်လမ်းတွင်ယမန်နေ့…

စပါးနဲ့PSG နည်းပြဟောင်း ပိုချက်တီနို အား (2)နှစ်စာချုပ်ဖြင့် ချယ်လ်ဆီး ခေါ်ယူ

ချယ်လ်ဆီးအသင်းဟာ လစ်လပ်နေသော နည်းပြရာထူးအတွက် စပါးနှင့် PSG နည်းပြဟောင်း ပိုချက်တီနိုကို (2)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ပိုချက်တီနိုကို ချယ်လ်ဆီးအသင်း၏နည်းပြအဖြစ် ဇူလိုင်(1)ရက်နေ့တွင် စတင်ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိစာချုပ်မှာ 2026 ခုနှစ်အထိ…

မန်ယူနိုက်တက်၏ တစ်နှစ်တာအကောင်းဆုံးဆုကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ရရှိ

မန်ယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဆွတ်ခူးရရှိခဲ့ပါတယ်။ဆာမတ်ဘတ်စ်ဘီဆုဟုလည်း အမည်ခေါ်တွင်သည့် ယင်းဆုကို ၁၉၉၈ ခုနှစ်က ရိုင်ယန်ဂစ် ရရှိပြီးနောက် အသင်းအကယ်ဒမီထွက် ကစားသမားများထဲမှ ရပ်ရှ်ဖို့ဒ်က ပထမဆုံး ဆွတ်ခူးခဲ့ခြင်းလဲဖြစ်ပါတယ်။ရပ်ရှ်ဖို့ဒ်ဟာ…

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေ စားသောက်ရေးအဆင်ပြေစေရေး ဆန်ဆီဆား စားသောက်ကုန်ပစ္စည်းတွေနဲ့ တပ်မတော်စက်ရုံ ထုတ်ကုန်အချို့ကို သက်သာဈေးနဲ့ ရောင်းချ

PAN- မေ ၂၉ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေ စားသောက်ရေးအဆင်ပြေစေရေး ဆန်ဆီဆား ပစ္စည်းတွေနဲ့ တပ်မတော်စက်ရုံ ထုတ်ကုန်အချို့ကို သက်သာဈေးနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ မေလ ၂၈…

မိုခါကြောင့် ပျက်စီးသွားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးဆောင်ရွက်နေ

PAN- မေ ၂၉ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မြောက်ဦး၊ ပုဏ္ဏားကျွန်း စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။…