ခေတ်အတွေးခေတ်အမြင် တစ်မိနစ်သတငအစီအစဥ် – One minute news

ခေတ်အ​​တွေးခေတ်အမြင်တစ်မိနစ်သတင်းအစီအစဥ်၊ One Minute News

#PAN

မန်ယူအသင်းရဲ့ အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်

ဇွန် ၂၈လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ မန်ယူအသင်း ဝတ်ဆင်သွားမယ့် အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။Photos : Manchester United

ချဲလ်ဆီးအသင်းမှ ကိုဗာဆစ် ကို ခေါ်ယူကြောင်း မန်စီးတီးအသင်း ကြေညာ

Photos : Manchester City

One minute Top News

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

PAN, ဇွန် ၂၇ တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့အချို့ဟာ မြန်မာ့တပ်မတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်က…

ဂွန်ဒိုဂန် ကို ခေါ်ယူကြောင်း ဘာစီလိုနာအသင်း ကြေညာ

ဇွန် ၂၇မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ဂွန်ဒိုဂန်(၃၂ နှစ်)ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့်…

၂၀၂၂-၂၃ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပကစားသမားဆုကို လီယွန်နယ်မက်ဆီ ရရှိ************************************ဇွန် ၂၇ PSG အသင်းနှင့် လမ်းခွဲပြီး အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၂၂-၂၃ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အကောင်းဆုံးပြည်ပကစားသမားဆုကို ယခုမှ ကြေညာခြင်းဖြစ်ပြီး အကောင်းဆုံးကစားသမားဆုကို အသင်းဖော် ဘာပေ ရရှိကြောင်းနှင့် အခြားဆုရရှိသူများကိုမူ မေလကတည်းက ကြေညာခဲ့ပြီးဖြစ်ပါတယ်။Photo: Ligue 1

What is the CIA doing at the Thai-Myanmar border? ထိုင်း – မြန်မာနယ်စပ်မှာ CIA ဘာတွေလုပ်နေသလဲ?

UFC ပွဲဦးထွက်မှာပဲ အနိုင်ရလာဒ်ကို ထိုက်ထိုက်တန်တန် ယူပြလိုက်တဲ့ မြန်မာကိုယ်စားပြု ဂျော့ရှုဝါဗန်************************************ဇွန် ၂၆ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗလ်မြို့မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီကျင်းပတဲ့ UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်က ကာဇက်စတန်က ဇဟယ်ဂတ်စ် ဇူမာဂူလာ့ဗ်ကို အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုရွှာဗန်အတွက်တော့ UFC မှာ ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဇက်စတန်နိုင်ငံသား ပြိုင်ဖက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ MMA ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်ထဲမှာ UFC အဖွဲ့ချုပ်မှ ကမ်းလှမ်းခံခဲ့ရကာ ပထမဆုံးပြိုင်ပွဲမှာပဲ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။Photos : Twitter, UFC