မေဆန်မောင့် ကို တရားဝင်ခေါ်ယူကြောင်း မန်ယူအသင်း အတည်ပြုကြေညာ************************************ဇူလိုင် ၆ မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လဲ ပါဝင်ခဲ့ပါတယ်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်းဖြစ်ကြောင်း သိရပါတယ်။ မေဆန်မောင့် ကို ဂန္ထဝင်နံပါတ်ဖြစ်သည့် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလဲ အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။Photos : Manchester United

လူးဝစ် အန်နရီကေးကို PSGအသင်း နည်းပြသစ်အဖြစ် အတည်ပြု

ဇူလိုင် ၆     PSG အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လူးဝစ် အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး (၂)နှစ် စာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။Photos :…

မေဆန်မောင့် ကို တရားဝင်ခေါ်ယူကြောင်း မန်ယူအသင်း အတည်ပြုကြေညာ

ဇူလိုင် ၆     မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။    မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး…

မက်ဆီကို အပတ်တိုင်းသွားတွေ့မယ်ဟုဆိုကာ ပွဲတိုင်းအတွက် လက်မှတ်ဝယ်ပြီးပြီဆိုတဲ့ The Rock************************************ဇူလိုင် ၅ ဟောလိ၀ုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်အာလီအသင်းက လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနို ကို ခေါ်ယူ************************************ဇူလိုင် ၅ ဆော်ဒီကလပ် အယ်လ်အာလီအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနိုကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အယ်လ်အာလီအသင်းသည် ချယ်လ်ဆီးဂိုးသမား မန်ဒီကိုလည်း ခေါ်ယူထားသည့်အသင်းဖြစ်ပါတယ်။Photos : Al-Ahli

ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းက စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်

ဇူလိုင် ၄လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း စတီဗင်ဂျရတ်သည် ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်း၏ နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။အသက်(၄၃)နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အက်စတွန်ဗီလာအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက်…

မေဆန်မောင့် ကို ယနေ့ အပြီးသတ်ခေါ်ယူဖို့ ပြုလုပ်သွားမယ့် မန်ယူ

ဇူလိုင် ၃ချယ်လ်ဆီးကစားသမား မေဆန်မောင့် ဟာ မန်ယူအသင်းနဲ့ ယနေ့ဆေးစစ်မည်ဖြစ်ပြီး စာရွက်စာတမ်းတွေကိုတော့ ဆေးစစ်ပြီးစီးတာနဲ့တစ်ပြိုင်နက် လက်မှတ်ထိုးသွားမှာဖြစ်ပါတယ်။မေဆန်မောင့်၏ စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ပါဝင်မှာဖြစ်ပါတယ်။၎င်း၏…

လိုက်ပ်ဇစ်ကစားသမား ဆိုဘိုဆလာအီ ကို ခေါ်ယူကြောင်း လီဗာပူးလ် ကြေညာ************************************ဇူလိုင် ၃ လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဟန်ဂေရီကွင်းလယ်ကစားသမား ဆိုဘိုဆလာအီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဆိုဘိုဆလာအီ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း(၆၀)ဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။Photos : Liverpool FC

ကမ္ဘာ့ တန်ကြေးအမြင့်မားဆုံး ဘောလုံးသမားများအမည်စာရင်း ထုတ်ပြန်************************************ဇူလိုင် ၃ Transfermarket ကနေ စုစည်း ဖော်ပြထားတဲ့ လက်ရှိ ကမ္ဘာ့ တန်ကြေးအမြင့်မားဆုံး ဘောလုံးသမား (၁၀)ဦး အမည်စာရင်းအား ထုတ်ပြန်လိုက်ပါတယ်။Photo : Transfermarket

မန်ယူအသင်းရဲ့ အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်

ဇွန် ၂၈လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ မန်ယူအသင်း ဝတ်ဆင်သွားမယ့် အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။Photos : Manchester United