မက်ဆီကို အပတ်တိုင်းသွားတွေ့မယ်ဟုဆိုကာ ပွဲတိုင်းအတွက် လက်မှတ်ဝယ်ပြီးပြီဆိုတဲ့ The Rock************************************ဇူလိုင် ၅ ဟောလိ၀ုဒ်နာမည်ကျော်သရုပ်ဆောင်နဲ့ WWE နပမ်းကစားသမားဟောင်းကြီး Dwayne Johnson (The Rock) က သူဟာ လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအတွက် ကစားပေးမယ့် ပွဲအားလုံးကို သွားရောက်အားပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ The Rock က သူဟာ မက်ဆီရဲ့ အမာခံပရိသတ်ပါလို့လဲ ဝန်ခံလိုက်တာကို Albiceleste News ဆိုတဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ အင်တာမိုင်ယာာမီကို အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ အသင်းအတွက် ပထမဆုံးပွဲကို ဝင်ရောက်ကစားပေးဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်အာလီအသင်းက လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနို ကို ခေါ်ယူ************************************ဇူလိုင် ၅ ဆော်ဒီကလပ် အယ်လ်အာလီအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနိုကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူပြီး သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အယ်လ်အာလီအသင်းသည် ချယ်လ်ဆီးဂိုးသမား မန်ဒီကိုလည်း ခေါ်ယူထားသည့်အသင်းဖြစ်ပါတယ်။Photos : Al-Ahli

ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းက စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်

ဇူလိုင် ၄လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း စတီဗင်ဂျရတ်သည် ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်း၏ နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။အသက်(၄၃)နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက အက်စတွန်ဗီလာအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက်…

မေဆန်မောင့် ကို ယနေ့ အပြီးသတ်ခေါ်ယူဖို့ ပြုလုပ်သွားမယ့် မန်ယူ

ဇူလိုင် ၃ချယ်လ်ဆီးကစားသမား မေဆန်မောင့် ဟာ မန်ယူအသင်းနဲ့ ယနေ့ဆေးစစ်မည်ဖြစ်ပြီး စာရွက်စာတမ်းတွေကိုတော့ ဆေးစစ်ပြီးစီးတာနဲ့တစ်ပြိုင်နက် လက်မှတ်ထိုးသွားမှာဖြစ်ပါတယ်။မေဆန်မောင့်၏ စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ပါဝင်မှာဖြစ်ပါတယ်။၎င်း၏…

လိုက်ပ်ဇစ်ကစားသမား ဆိုဘိုဆလာအီ ကို ခေါ်ယူကြောင်း လီဗာပူးလ် ကြေညာ************************************ဇူလိုင် ၃ လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဟန်ဂေရီကွင်းလယ်ကစားသမား ဆိုဘိုဆလာအီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဆိုဘိုဆလာအီ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း(၆၀)ဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။Photos : Liverpool FC

ကမ္ဘာ့ တန်ကြေးအမြင့်မားဆုံး ဘောလုံးသမားများအမည်စာရင်း ထုတ်ပြန်************************************ဇူလိုင် ၃ Transfermarket ကနေ စုစည်း ဖော်ပြထားတဲ့ လက်ရှိ ကမ္ဘာ့ တန်ကြေးအမြင့်မားဆုံး ဘောလုံးသမား (၁၀)ဦး အမည်စာရင်းအား ထုတ်ပြန်လိုက်ပါတယ်။Photo : Transfermarket

မန်ယူအသင်းရဲ့ အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်

ဇွန် ၂၈လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ မန်ယူအသင်း ဝတ်ဆင်သွားမယ့် အိမ်ကွင်းဂျာစီသစ်ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။Photos : Manchester United

ချဲလ်ဆီးအသင်းမှ ကိုဗာဆစ် ကို ခေါ်ယူကြောင်း မန်စီးတီးအသင်း ကြေညာ

Photos : Manchester City

ဂွန်ဒိုဂန် ကို ခေါ်ယူကြောင်း ဘာစီလိုနာအသင်း ကြေညာ

ဇွန် ၂၇မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ဂွန်ဒိုဂန်(၃၂ နှစ်)ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့်…

၂၀၂၂-၂၃ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပကစားသမားဆုကို လီယွန်နယ်မက်ဆီ ရရှိ************************************ဇွန် ၂၇ PSG အသင်းနှင့် လမ်းခွဲပြီး အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ၂၀၂၂-၂၃ ရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံးပြည်ပကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အကောင်းဆုံးပြည်ပကစားသမားဆုကို ယခုမှ ကြေညာခြင်းဖြစ်ပြီး အကောင်းဆုံးကစားသမားဆုကို အသင်းဖော် ဘာပေ ရရှိကြောင်းနှင့် အခြားဆုရရှိသူများကိုမူ မေလကတည်းက ကြေညာခဲ့ပြီးဖြစ်ပါတယ်။Photo: Ligue 1