ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာ အုပ် ချုပ်ရေးမှူးကိုအကြမ်း ဖက်သမား PDF များက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ဩဂုတ် ၂၀

        မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာအုပ်စု၊ ကော့ခလိန်ကျေးရွာ မွေးမြူထားသည့် ဝက်များကို သွားရောက်ကြည့်ရှုပြီး ကြာအင်းချောင်ကျေးရွာ နေအိမ်ကို ဇနီးသည်နှင့်အတူ ကားဖြင့်ပြန်လာသည့် ကော့ခလိန်ကျေးရွာအုပ်ချုပ်ရေးမှူးကို ယနေ့ ညနေ ၅ နာရီခွဲအချိန်က ကော့ခလိန်ကျေးရွာနှင့် ကြာအင်းချောင်ကျေးရွာ နှစ်ရွာကြားသို့အရောက်တွင် မျက်နှာချင်းဆိုင်မှ ၁ ဦးတည်း ၁ စီး၊ ၂ ဦး ၁ စီး‌ မောင်းနှင်လာသည့် ဆိုယ်ကယ် ၂ စီးအနက်မှ ၂ ယောက်စီးလာသည့် ဆိုင်ကယ်နောက်မှလိုက်ပါစီးနှင်လာသူ အကြမ်း ဖက်သမား PDF က အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို သေနတ်နှင့် ၅ ချက်ခန့်ပစ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မင်း၏ ယာ ဘက်ပုခုံအနီး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ပျံအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဇာတ်ပိုးအနီး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ထိမှန်ခဲ့ပြီး ဆိုင်ကယ် ၂ စီးမှာ ပစ်ခတ်ပြီးနောက် မုဆိုးကျွန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

       ပစ်ခတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN