သြဂုတ် ၁၇
ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ဖားကန့်မြို့ ယူမာတံတားအနီး၊ ကျောက်မျက်ဈေးရှေ့နှင့် ဖားပြင်စက်လှေဂိတ်အနီးတို့တွင် လူငယ်ရုပ်အလောင်း ၁ လောင်းစီ တွေ့ရှိရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရှိရပါသည်။
ဖားပြင်စက်လှေဂိတ်အနီးက ရုပ်အလောင်း တစ်လောင်းမှာ ဓါးနဲ့မွှန်းခံထားရပြီး သေဆုံးနေကြောင်းနှင့် ယူမာတံတားအနီးနှင့် ကျောက်မျက်ဈေးအနီးသတ်ဖြတ်ထားတဲ့ ၂ ယောက်တွင် ”စစ်ခွေး၊ သူခိုး၊ ဓါးမြ” ဆိုပြီး ရေးထားသည့် စာရွက်ကို လည်ပင်းမှာဆွဲထားပြီး သေနတ်နဲ့ပစ်သတ်ထားတဲ့ပုံစံမျိုး တွေ့ရှိရကြောင်း၊ အသတ်ခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သူက မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းဖြစ် ကြောင်း စသည့် အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
အဆိုပါ သတ်ဖြတ်ဖြတ်မှုဖြစ်စဉ် တရားခံများကို နယ်မြေခံလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ၍ အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN