သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် တာဝန်သိ ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အခြေပြုနေရာ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်း(တောင်)ရွာမှ ယမန်နေ့ နံနက်ပိုင်းက ထွက်ခွာလာရာ ၎င်းရွာ၏ အနောက်ဘက်မီတာ ၃၅၀၀ ခန့်အကွာနေရာသို့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရောက်ရှိရှင်းလင်းစဉ် ရန်သူခိုအောင်းနေထိုင်သော အလျား ပေ ၅၀ ၊ အနံ ၆ ပေ ၊ အနက် ၄ ပေရှိ လူလုပ်လိုဏ်ဂူကို တွေ့ရှိခဲ့သည်။
အဆိုပါ လူလုပ်လိုဏ်ဂူအတွင်းမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ လက်လုပ်Drop Bomb ၁၈ လုံး၊ ၇.၆၂ မမကျည် ၂၈၀၀ တောင့်၊ Remote Circuit ၇၀ ခု၊ Remote Control ၁၀ ခု၊ ကျည်ကာအင်္ကျီ ၁၆ ထည်၊ Circuit ၁၆ ခု၊ ကီးပတ်ဖုန်း ၁၀ ခု၊ ယမ်းကြိုးအမြန် ၁၀၀ ပေ ၁ ခွေ၊ စနက် တံ ၅၀ ခု၊ ဝါယာကြိုး(၃၀၀)ပေ ၅ ခွေ၊ ဆိုင်ကယ်ဘတ္ထရီ ၁၀ လုံး၊ မှန်ပြောင်း ၁ လက်၊ ယမ်းညှင်း ၁၀ ကီလို၊ ယမ်းစိမ်း ၂ ကီလို၊ ဓာတ်မြေ ဩဇာ (၁၀)ပိဿာခန့် ၁ ပုံး၊ လက်လုပ်မိုင်း ၅ လုံး တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းသိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်ကင်းစွာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN