အုတ်ဖိုမြို့နယ်၊ ထန်းပင်းကုန်းရွာတွင် လူသတ် အကြမ်းဖက် PDF များက ကျေးရွာအုပ်ချုပ်ရေးမှူးကို မတွေ့သဖြင့် ရာအိမ်မှူးကို သတ်ဖြတ်သွား

သြဂုတ် ၇

        ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်းကုန်းရွာ၊ ရာအိမ်မှူး ဦးဂျော့၊ ၄၀ နှစ်၊ (ဘ) ဦးမြစိန် ကို ယနေ့ ညနေ လေးနာရီခွဲအချိန်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ရွာရှိ၎င်း၏နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါ ထန်းပင်းကုန်းအုပ်စုတွင် လုံခြုံရေး အဖွဲ့ကို ပြန်လည်ရုတ်သိမ်းသွားပါသဖြင့် သြဂုတ်လ ၂ ရက်နေ့မှစ၍ အုတ်ဖို အကြမ်းဖက် PDF အဖွဲ့များက ညဘက်ကင်းများ လှည့်လည်နေကြောင်း၊  ထန်းပင်ကုန်း အုပ်ချုပ်ရေးမှူးသည် လွန်ခဲ့သောနှစ်ရက်လောက်မှစ၍ ညဘက်တွင်ပုန်းအိပ်နေရကြောင်း၊ အုပ်ချုပ်ရေးမှူးကို မတွေ့သဖြင့် ရာအိမ်မှူးကို သတ်သွားခြင်းဖြစ်ကြောင်း ရွာခံပြည်သူများထံ သိရသည်။

       အဆိုပါ ထန်းပင်ကုန်းရွာသို့ လုံခြုံရေးအဖွဲ့က အခင်းဖြစ်စဥ်ကို စစ်ဆေးရန် သွားရောက်စဥ် ရွာအဝင် ကြယ်နီကုန်းနားတွင် အကြမ်းဖက် PDF အဖွဲ့က စောင့်ဆိုင်းပြီး ပစ်ခတ်ရာ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

#PAN