“ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဥ် များသည် အထူးစစ်ဆင်ရေးများတွင် ထိရောက် မှုရှိသောကြောင့် အာဖရိကနိုင်ငံများက ဝယ်ယူသွားရန် စိတ်ဝင်စားမှုများရှိနေ”

သြဂုတ် ၃

ရုရှားနိုင်ငံ သည် Mi-28NE အမျိုးအစား ရဟတ်ယာဉ်များကို ဆာဟာရ ဒေသရှိ အာဖရိကနိုင်ငံများသို့ ထောက်ပံ့ပေးပို့နိုင်ရန် ညှိနှိုင်းမှုများပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝန်ဆောင်မှု လုပ်ငန်း ဒါရိုက်တာ Dmitry Shugaev ၏ ပြီးခဲ့သည့် သြဂုတ်လ ၂ရက်နေ့က ပြောကြားချက်များအရ Mi-28NE တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၀ယ်ယူရန် အာဖရိကနိုင်ငံများက စိတ်ဝင်စားနေကြပြီး ပို့ဆောင်မှုများ ပြုလုပ်သွားရန် လုပ်ဆောင် နေကြောင်း သိရပါတယ်။

သို့သော်လည်း အရောင်းအဝယ် စာချုပ်လုပ်ငန်းများကို လုပ်ဆောင်နေရ သောကြောင့် ကင်းထောက် အဆိုပါ တိုက်ခိုက်ရေးရဟတ်ယာဉ် ထောက်ပံ့ပေးပို့ရေး နှင့်ပတ်သက်ပြီး အတည်ပြု ပြောဆိုရန် စောလွန်းသေးကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာဖရိကနိုင်ငံများတွင် ရုရှားနိုင်ငံထုတ် စစ်လက်နက် စက်ကိရိယာများ၏ လိုအပ်ချက် သည် အထူးစစ်ဆင်ရေးများတွင် အဆိုပါ တိုက်ခိုက်ရေး ရဟတ်ယာဥ်များ၏ ထိရောက်မှု ကြောင့်ဖြစ်တယ်လို့ လည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားပါတယ်။