(ပြည်တွင်း) အောက်တိုဘာ ၂၁
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် သီတင်းကျွတ် Bazaar ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ လည်ပတ်အပန်းဖြေနိုင်ရန် ဈေးရောင်းပွဲတော်များ၊ ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များ၊ ဆုလက်ဆောင်အစီအစဉ်များနှင့် အပျော်တမ်းသရုပ်ဆောင်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ထို့အပြင် ဒေသထွက်အစားအစာများ ရောင်းချမည့် ဈေးဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများကို ခံစားကြည့်ရှုနိုင်မည့် အစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဆီမီးအက၊ ဗုဒ္ဓပူဇော်ခြင်းဆိုင်ရာအကများနှင့် ရွှေဖြိုးအောင်၏ မြန်မာမှုအကဖြင့် မြန်မာ့ရိုးရာအကအလှများကို နှစ်ရက်တိုင်တိုင် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်သည် သီတင်းကျွတ်ကာလအတွင်း မိသားစုဝင်များနှင့် သူငယ်ချင်းများအတူ အပန်းဖြေလည်ပတ်နိုင်ရန်အပြင် မြန်မာ့ရိုးရာအကအလှများနှင့် ဒေသထွက်အစားအစာများကို တစ်နေရာတည်းတွင် ခံစားနိုင်မည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် သီတင်းကျွတ်အားလပ်ရက်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများအနေဖြင့် ပွဲတော်အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကာ ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဖိတ်ခေါ်ထားသည်။

Telegram – t.me/positiveanglenews
#PAN