(ပြည်တွင်း)အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်အခြေစိုက် ဆားတောင်မိုးကြိုး LPDFအဖွဲ့ ခေါင်းဆောင်မိုးကြိုးအား NUGလက်အောက်ခံPDFအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ဆားတောင်မိုးကြိုးPDFအဖွဲ့ ခေါင်းဆောင် မိုးကြိုးသည် အိုင်းဓမ္မကျေးရွာရှိ စတားလင့်ခ်ဆိုင်၌ ဘိလိယက်ထိုးနေစဥ် NUGလက်အောက်ခံPDFအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် LPDFခေါင်းဆောင် မိုးကြိုးတွင် ဦးခေါင်း ကျည်ဆန်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်က ဆားတောင်အခြေစိုက် ဂျိမ်းစိုး ဦးဆောင်သည့် LPDF နှင့် ဆားတောင်မိုးကြိုး LPDFတပ်ဖွဲ့တို့မှ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး သုံးဦးနှင့် မိသားစုဝင် ခြောက်ဦး၊ စုစုပေါင်း ၃၈ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အသတ်ခံရသည့် မိုးကြိုးသည် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများစွာတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ရှေ့တန်းတွင် ကိုယ်တိုင်ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး NUGလက်အောက်ခံ PDFအဖွဲ့နှင့် အဆင်မပြေမှုများကြောင့် လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။
အလားတူ ဇွန် ၁၁ ရက်က မုံရွာမြို့နယ်အခြေစိုက် Golden Eagle Force Monywa PDF အဖွဲ့ခေါင်းဆောင် လင်းယုန်နှင့် ဇနီးနှစ်ဦးအား PDFတပ်များ စိုးမိုးနယ်မြေဖြစ်သည့် တောင်မာတောကျေးရွာနှင့် ပလ္လင်ကျေးရွာကြား ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ကာ လုပ်ကြံသူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN