ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဥ် ၁စီး ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဥ် ၁စီး ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာ ၅ရက် ညနေ၆နာရီအချိန်က ကျိုင်းတုံမြို့၊ နောင်နွန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ် (၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များသည် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန်ဆောင်ရွက်နေစဉ် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် SHN 12 2I/2340 နံပါတ်တပ်ဆင်ထားသည့် Toyota Dyna အဖြူရောင်၊ ယာဉ်မောင်း အောင်ဆန်းဦး၊ (၃၂)နှစ်၊ (ဘ) ဦးစောသာတော၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား စစ်ဆေးရာ ၄င်းယာဉ်သည် တာချီလိတ်မြို့မှ ကာလိမြို့သို့ ပို့ဆောင်ရောင်းချရန် သယ်ယူလာခြင်းဖြစ်ပြီးမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ လိုင်စင်မဲ့ ယာဥ်အားသယ်ဆောင်လာသူ အောင်ဆန်းဦးအား ကျိုင်းတုံ​မြို့မရဲစခန်း (ပ)၂၀၉/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN