မြောက်ဒဂုံ၌ အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသားသေဆုံး

(မှုခင်း)အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်)မြို့နယ်၊ ရှိ အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်အမျိုးသားသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၅ရက် မွန်းတည့်၁၂နာရီအချိန်ကဒဂုံမြို့သစ်(မြောက်)မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာလမ်းမပေါ်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်၏ အနောက်ဘက်တွင်ရှိသည့်နေအိမ်ကို အမျိုးသားသုံးဦးမှ ဝင်ရောက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ချုပ်ကာ အသက်၄၀အရွယ် ဆိုင်ရှင်အမျိုးသားအား ဆိုင်​အတွင်းရှိ ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားခုတ်ခံရမျုကြောင့် ဆိုင်ရှင်အမျိုးသားတွင်ဘယ်ဘက်၊ လည်ပင်းသွေးလွှတ်ကြောထိ၊ဘယ်ဘက် ပါးစောင်၊ ဂုတ်၊ ကျောပြင်၊ဘယ်ဘက် လက်ချောင်း၊ ညာဘက် လက်မောင်းပြတ်ရှဒဏ်ရာများရရှိပြီး ၊ ၎င်းအား ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး ၅မိနစ်အကြာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အနုကြမ်းဝင်စီးခဲ့သည့် အမျိုးသားသုံးဦးသည် အခင်းဖြစ်ပွားသည့်နေရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းတို့ကိုဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN