တောင်ကြီးမြို့နှင် ရွှေညောင်မြို့တို့တွင် စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) သြဂုတ် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့တို့တွေ စိတ်ကြွမူးယစ်ဆေးပြားများဖမ်းဆီးရမိကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်၊ ညပိုင်းက ရွှေညောင်မြို့ ၊ ရတနာရပ်ကွက် ၊ နယ်မြေ(၁) ၊ ဗန္ဓုလလမ်းနေ ခွန်ဟန်စိန် (ခ) သန့်ဇင် ၏ နေအိမ်သို့ ရှမ်းပြည်နယ် မှုခင်းအကူဌာနစိတ်နှင့် ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဝင်ရောက် ရှာဖွေရာ ခွန်ဟန်စိန် ၏ ဘောင်းဘီ ယာဘက်အိပ်ကပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြား ၅၀ ပြား၊ အိပ်ယာအနီးမှ ၉၂၀၀ ပြား တို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ပိုက်တပ် အပေါက်ဖောက် ပြုပြင်ထားသည့် ကော်ဗူး၊ ခဲပြားလိပ်တို့အား တွေ့ရှိကာ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲပိုင်းအချိန်က တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကံသာရပ်ကွက်၊ နယ်မြေ(၆)၊ ပြည်တော်အေး လမ်းမပေါ်၌ ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မင်းမင်းထိုက် (ခ) ငယ်လေး (ခ) ဂိုလမ်းဟူစိန်အား ရှာဖွေရာ ပလတ်စတစ်ဘူး အတွင်း ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၅၈ ပြား အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန် လက်ဝယ်ထားရှိသူ ခွန်ဟန်စိန် (ခ) သန့်ဇင်နှင့် မင်းမင်းထိုက် (ခ) ငယ်လေး (ခ) ဂိုလမ်းဟူစိန်တို့အား သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN