(မှုခင်း) ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက်၊ ကမာကြည်လမ်း၊ သုဝဏ္ဏကမာကြည်တံတားအဆင်း၌ လိုက်ထရပ်ကားတစ်စီးက YBS 42 ခရီးသည်တင်ယာဉ်ကို အနောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက် ည ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ယာဉ်အတွင်း ညပ်မိခဲ့သဖြင့် ညပ်မိနေသူအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း အမျိုးသားမှာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရွှေရောင်တွဲလက်ပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN