တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အမေရိကန်နိုင်ငံသားတစ်ဦး အိန္ဒိယနယ်စပ်တွင် ဖမ်းဆီးခံရ၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းစစ်ဆေးလျက်ရှိ

(နိုင်ငံတကာ) ဇူလိုင် ၁၅

   အိန္ဒိယ-နီပေါနယ်စပ်အနီးတွင် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို အာ ဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ၎င်းအား ဖမ်းဆီးရမိချိန်တွင် မသင်္ကာဖွယ်ရာ ပစ္စည်းများစွာနှင့်အတူ တွေ့ရှိခဲ့ရသဖြင့် အိန္ဒိယဗဟိုထောက်လှမ်းရေးအေဂျင်စီများက မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များကို သင်တန်းပေးမှုနှင့် ဆက်စပ်မှုရှိ၊ မရှိကိုပါ ထပ်မံစုံစမ်းလျက်ရှိသည်။      

     အသက် ၃၆ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဂျော်ဒန် ဘရောင်း (Jordan Brown) ကို ဇူလိုင် ၁၁ ရက်နေ့က အိန္ဒိယ-နီပေါနယ်စပ်ဂိတ်အနီးရှိ မဟာရာဂန်ခရိုင်တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (SSB) က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ၎င်းသည် စာရွက် စာတမ်းစစ်ဆေးစဉ် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ဒေသ ခံရွာသားများ၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိချိန်တွင် ၎င်းထံမှ တရုတ်နိုင်ငံကူးလက်မှတ်၊ နီပေါငွေစက္ကူများ၊ AI ဘာသာပြန်စက်၊ ဘာသာရေးစာအုပ်များနှင့် ဒိုင်ယာရီမှတ် တမ်းများကို သိမ်းဆည်းရမိခဲ့သည်။                  

    ဂျော်ဒန် ဘရောင်းသည် ၎င်း၏ ခရီးသွားလာမှုနှင့် ပတ်သက် ၍ အကြောင်းပြချက်အမျိုးမျိုး ပေးလျက်ရှိသည်။ ထိုင်းတွင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားခြင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် သီရိလင်္ကာသို့ သွားရောက်ခြင်း၊ အိန္ဒိယရှိ မြို့ကြီးများစွာသို့ လှည့်လည်သွားလာခြင်းစသည့် အချက်များသည် စုံစမ်းစစ် ဆေးသူများအတွက် သံသယဖြစ်ဖွယ် ဖြစ်နေသည်။    

     ထို့အပြင် ၎င်းသည် နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွင်း အစိုးရကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ဆန္ဒပြမှုများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရန် ကြံရွယ်ထားဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။                 

    ၎င်း၏အပေါင်းအပါအဖြစ် အိန္ဒိယနိုင်ငံသားအချို့ ပါဝင်ပတ် သက်နေပြီး တစ်ဦးမှာ နီပေါသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း သိရသည်။ ထို့အပြင် ၎င်းသည် အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ပြောဆိုထားသော် လည်း ၎င်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ အွန်လိုင်းအိမ်ခြံမြေလုပ်ငန်းရှင်အဖြစ် ဟန်ဆောင်ကာ ဒေသတွင်း မတည်ငြိမ်မှုများ ဖန်တီးရန် ဖြစ်နိုင်ကြောင်း အာဏာ ပိုင်များက သုံးသပ်သည်။                      

     လက်ရှိတွင် မြန်မာနိုင်ငံရှိ Kuki-Chin သူပုန်အဖွဲ့ (Kuki-Chin Army) ကိုယ်စားလှယ်များကို သင်တန်းပေးသည်ဟု စွပ် စွဲကာ အမေရိကန်နိုင်ငံသား ဗန်ဒိုက် (VanDyke)နှင့် ယူကရိန်းနိုင်ငံသားများ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်နှင့် ဘရောင်း၏ ဖြစ်စဉ်ကို အာဏာပိုင်များက ချိတ်ဆက်စစ်ဆေးနေသည်။

     ဘရောင်း၏ တရုတ်နိုင်ငံကူးလက်မှတ် ရရှိမှုပုံစံ၊ ကျယ် ပြန့်သော ခရီးသွားလာမှုနှင့် ၎င်း၏ စစ်ရေးနောက်ခံ အကြောင်း ပြချက်များကြောင့် လုံခြုံရေးအေဂျင်စီများက အထူးစောင့်ကြည့် စစ်ဆေးလျက်ရှိပြီး အမေရိကန်သံရုံးသို့လည်း အကြောင်းကြားထားပြီး ဖြစ်သည်။                       

Telegram»…  https://t.me/positiveanglenews

#PAN