အရက်မူးနေသည့်အကြမ်းဖက် PDF ၂ ဦးမှ SRFတပ်ဖွဲ့ဝင် ၁ ဦးအား သတိလစ်မေ့မြောသည့်အထိ ရိုက်နှက်

(ပြည်တွင်း) ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပျဥ်တောရွာတွင် အရက်မူးနေသည့် မင်းကင်းမြို့နယ် အကြမ်းဖက် တပ်ရင်း ၂ PDF ၂ဦးမှ ကင်းစောင့်နေသည့် SFAတပ်ဖွဲ့ ၁ဦးကို သတိလစ်မေ့မြောသည့်အထိ ရိုက်နှက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်အရ သိရသည်။

ဇူလိုင် ၁၁ ရက်နေ့ ညအချိန်က မင်းကင်းမြို့နယ်၊ ပျဉ်တောရွာတွင် ကင်းစောင့်နေသည့် SRFတပ်ဖွဲ့ဝင် ကိုမျိုးဝင်းဆိုသူအား မင်းကင်းမြို့နယ် တပ်ရင်း ၂မှ အကြမ်းဖက် PDF ၂ ဦးမှ အရက်မူးပြီး ရိုက်နှက်ခဲ့ရာ မေ့မျောသွားခဲ့ပြီး မနက်မိုးလင်းမှ သတိပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်ခံရသူ ကိုမျိုးဝင်းသည် SRF တပ်ဖွဲ့ဝင်ဖြစ်ပြီး ၎င်းဖြစ်စဉ်ကြောင့် ပျဉ်တောရွာမှ ရွာသူရွာသားများ ကြောက်လန့်နေကြကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN