
(နိုင်ငံတကာ) ဇွန် ၂၇
ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား အပန်းဖြေမြို့ဖြစ်သော ပတ္တ ရား (Pattaya) မြို့အနီး ရထားလမ်းဘေးတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ခရီးဆောင်အိတ်အတွင်း ထည့်သွင်းစွန့်ပစ်ခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ သံသယရှိသူ ဩစ တြေးလျအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်လေဆိပ်၌ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၄၆ နှစ်အရွယ် ဆိုင်မွန် ကာမန် (Simon Carman) အမည်ရှိ အဆိုပါ ဩစတြေးလျနိုင်ငံသားသည် သောကြာနေ့ညနေပိုင်းက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် ဩစတြေးလျနိုင်ငံ ပါ့သ် (Perth) မြို့သို့ ထွက်ပြေးရန် လေယာဉ်ပေါ်တက်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ ကြာသပ တေးနေ့ အရုဏ်ဦးအချိန်တွင် သေဆုံးသူ မိန်းကလေးငယ်သည် သံသယရှိသူနှင့်အတူ ကွန်ဒိုမီနီယံ အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်ကို CCTV ကင်မရာများတွင် တွေ့ရှိခဲ့ရသည်။
ထို့နောက် နာရီအနည်းငယ်အကြာတွင် အဆိုပါ အမျိုး သားသည် အနက်ရောင် ခရီးဆောင်အိတ်အကြီးတစ်လုံးကို မော် တော်ဆိုင်ကယ်အနောက်တွင် တင်ဆောင်ကာ မောင်းနှင်ထွက်ခွာသွားခဲ့သည်။ သောကြာနေ့မွန်းလွဲပိုင်းတွင် မိန်းကလေး ပျောက် ဆုံးနေကြောင်း သူငယ်ချင်းများက တိုင် ကြားလာသဖြင့် ရဲ တပ်ဖွဲ့က ခြေရာခံရာမှ ၎င်းတို့ တည်းခိုခဲ့သည့် အခန်းကို အတည်ပြုနိုင်ခဲ့ပြီး လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးအရာရှိများထံ အကြောင်းကြားကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးငယ်၏ အဝတ်ဗလာဖြင့် ရုပ်အလောင်းကို ၎င်းတို့ နောက်ဆုံးရှိခဲ့သည့်နေရာနှင့် မလှမ်းမကမ်းရှိ ရထားလမ်းအနီး စွန့်ပစ်ထားသော အဆိုပါခရီးဆောင်အိတ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူ၏ မျက်နှာတွင် ညိုမည်းဒဏ်ရာများ အပြင်းအထန် ရရှိထားပြီး ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့သည့် လက္ခဏာများ တွေ့ရသည်။
ပတ္တရားမြို့မရဲစခန်းမှ ရဲမှူးကြီး အနက် ဆာရထောင်ယူက သံသယရှိသူ၏ ခန္ဓာကိုယ်နှင့် လည်ပင်းတို့တွင် ရုန်းကန်ခဲ့သည့် လက်သည်းကုတ်ရာများ တွေ့ရှိရသော်လည်း၊ ကာမန်ကမူ ၎င်းအနေဖြင့် သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်းနှင့် လည်ပင်းမှ ဒဏ်ရာများမှာ ပင့်ကူကိုက်ခံရခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။
လက်ရှိတွင် ၎င်းအား လူသတ်မှု၊ ရုပ်အလောင်းအား ဝှက်ဖျောက်မှု၊ မရိုးမဖြောင့်သော ရည်ရွယ်ချက်ဖြင့် အသက်မပြည့်သေးသူကို ခေါ်ဆောင်မှု စသည့် ပြစ်မှုဆိုင်ရာ စွဲချက်များစွာဖြင့် တရားစွဲဆိုရန် စစ်ဆေးလျက်ရှိသည်။ ဩစတြေးလျ နိုင်ငံခြား ရေးဝန်ကြီးဌာနက ၎င်းတို့နိုင်ငံသားအတွက် ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်နေကြောင်း ဆိုသည်။
ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ၏ မှု ခင်းများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ကမ္ဘာလှည့်ခရီးသွားများ ဗီဇာမလိုဘဲ နေထိုင်ခွင့်ကာလကို ထိုင်းအစိုးရက တင်းကျပ်စွာ လျှော့ချလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN