
(ပြည်တွင်း) ဇွန် ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး၊ မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်ပေါ်ရှိ ကော့နွဲ့တံတားအား ကုန်တင်ယာဉ်မ ဝင်တိုက်မိခဲ့ရာ တံတားပျက်စီးသဖြင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
ဇွန်လ ၂၂ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၄၀အချိန် ခန့်က မြဝတီမြို့မှ ဘားအံမြို့သို့ ယာဉ်မောင်း ဦးကျော်သူရ မောင်းနှင်လာသည့် ၂၂ ဘီးကုန်တင်ယာဉ်သည် အရှည်ပေ ၃၀၀ ရှိသော ကော့နွဲ့နှစ်ထပ်ဘေလီတံတားပေါ်မှ ဖြတ်သန်းစဉ် စက်ချို့ယွင်းမှုဖြစ်ပွားကာ တံတားအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်တင်ယာဉ် တိုက်မိမှုကြောင့် တံတား ဘေလီဘောင် နှစ်ခု ပြတ်ထွက်သွားခြင်း၊ ဘေလီဘောင် ၄ ခု ကွေးညွှန်ပျက်စီးသွားခြင်း၊ Baily Support S3 ရှိ သစ်သား Crib အထိုင် အနည်းငယ် ရွှေ့လျားသွားခဲ့ကြောင်း၊၎င်းတံတား ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေစဉ်အတွင်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တပိတ်ပင်ထားမည်ဖြစ်ပြီး ယာဉ်ငယ်များကိုသာ ဆက်လက်ဖြတ်သန်းခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။