နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့် တွေ့ဆုံဆွေးနွေး

(နိုင်ငံတကာ) ဇွန် ၁၆

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress – NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိ (Zhao Leji) အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ–တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပေါက်ဖော်ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ တိုးမြှင့်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံတော်အာဏာပိုင် ဥပဒေပြုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်၏ အရေးကြီးသော ဥပဒေများ၊ မူဝါဒများနှင့် အမျိုးသားအဆင့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။