လက်ပံတန်းတွင် အသက်၅၀ ကျော်အရပ်သား ၅ ဦးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်နှင့် ပစ်သတ်

(မှုခင်း) ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ရွာဟောင်းကျေးရွာတွင် ဒေသခံ ၅ ဦးအား အကြမ်းဖက်PDFတပ်ဖွဲ့ဝင်များမှ သေနတ်နှင့်ပစ်သတ်သွားကြောင်း သိရသည်။

ဇွန်လ ၁၀ ရက် ညပိုင်းအချိန်က ရေနောက်ရွာဟောင်းကျေးရွာနေ ဦးတင်သိန်း(၅၀)နှစ် နဲ့ ဇနီးဖြစ်သူဒေါ်ခင်ဦး(၄၅)နှစ်၊ အသက် ၅၅ နှစ် ဦးလွန်းခိုင်(၅၅)နှစ် နှင့် ဇနီးဖြစ်သူ ဒေါ်မိချို (၅၀)နှစ်၊ ဒေါ်အေးမြင့်(၅၇)နှစ်တို့အား PDF အဖွဲဝင် အင်အား ၁၅ ဦးခန့်သည် ဆိုင်ကယ် ၈ စီးဖြင့် ရောက်လာပြီး ၎င်းတို့နေအိမ်အသီးသီးတွင် ရှိနေချိန် ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့ပစ်သတ်သွားသူ ၅ ဦးသည် မျှစ်ချိုး၊ ဝါးခုတ်၊ လက်သမားစသည့် ကြုံရာကျပန်းအလုပ်လုပ်ကိုင်ကြသော သာမန်အရပ်သား လက်လုပ်လက်စားများဖြစ်ပြီး မည်သည့်လက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သတ်သူများမဟုတ်ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ သုံးပွင့်ဆိုင်ကျေးရွာအနီးရှိတောစပ်တွင် သစ်ကယ်ရီသမား ၁ ဦးကို PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#PAN