
(မှုခင်း) မေ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆည်ခေါင်း-နောင်မူ-ပင်ခင် သွားကားလမ်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
မေလ ၂၄ ရက်၊ ည ၁၁ နာရီခွဲခန့်က ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ ကျောက်ဆင့်ကျေးရွာ နေ ဦးအောင်သိန်းသည် ၊ နောင်မူ ကျေးရွာနှင့် ကျောက်ဆင့်ကျေးရွာကြား ဆည်ခေါင်း-နောင်မူ-ပင်ခင် သွားကားလမ်းတွင် ကားဖြင့် မောင်းနှင်လာစဉ် PDFအကြမ်းဖက် ၂ ဦးမှ သေနတ် ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးအောင်သိန်းသည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ရုပ်အလာင်းအား တီကျစ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်း သေဆုံးမှုနှင့် ပတ်သက်၍ နောင်တရားနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။