
(မှုခင်း)မေ ၂၅
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်တွင် PDFအကြမ်းဖက်သမားများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ(၂)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ၂၁ ရက်နေ့က ဉီးအားချွင်း(၃၂)သည် ၎င်း၏နေအိမ်၌ ဦးအားစူး (၃၂)နှစ်နှင့်အတူ ရှိနေစဉ် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင်အကြမ်းဖက်သမား တစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မူဆယ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံအနှံအပြားတွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုးများစွာပြုလုပ်လျက်ရှိပြီး ပြည်သူ့များကို အကြောက်တရားဖြစ်လွှမ်းမိုးရန် ကြိုးစားနေကြောင်း တွေ့ရှိရသည်။