မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျီးကန်းပါးစပ်သွားရာလမ်းဘေး တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွား

(မိုး/ဇလ) မေ ၂၂

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း ယနေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က မိုးသည်းထန်စွာသွန်းမှုကြောင့် ကင်းမွန်းချောင်းကျေးရွာ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အနီး ကျီးကန်းပါးစပ်သွားရာလမ်းဘေးရှိ တောင်ကမ်းပါးယံအနည်းငယ်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကမ်းပါးယံပြိုကျမှုကြောင့် လမ်းပိုင်းယာယီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သဖြင့် တောင်ကမ်းပါးယံပြိုကျသည့်နေရာသို့ ရင်ပြင်တော်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံဈေးသူဈေးသားများ ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။