
(မှုခင်း) မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းချောင်းရပ်ကွက်၊ ပေါ်တော်မူဘုရားအနီးတွင် မေလ (၁၇) ရက်နေ့ နံနက် ၈ နာရီခန့်အချိန်က ဆီဂိုဒေါင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အချိန်မီ ထွက်ခွာငြှိမ်းသတ်ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးလောင်မှုထပ်မံပျံ့နှံ့မှုမရှိစေရေး ဆက်လက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ၉နာရီခွဲအချိန်တွင်မီးငြိမ်းနိုင်ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူ ၄ဦး သေဆုံးကြောင်း ကနဦးသတင်းရရှိသည်။