ပြည်တွင်းစက်သုံးဆီဈေးနှုန်း တဖြည်းဖြည်းကျဆင်းလာ

(စီးပွားရေး) မေ ၁၅

ဧပြီလကုန်ပိုင်းမှ စ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်လများထက် တဖြည်းဖြည်း ကျဆင်းလာပြီး ယခုအပတ်အထိဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်လိုက်သော ရန်ကုန်မြို့တွင်း ယနေ့ စက်သုံးဆီဈေးနှုန်းများမှာ 92တစ်လီတာလျှင် -၄၅၆၅ကျပ်၊ 95တစ်လီတာလျှင်-၄၆၄၅ကျပ်၊ ဒီဇယ်(HD 500ppm)-၄၈၂၀ကျပ်၊ ဒီဇယ်(HSD 50ppm/100ppm)၊- ၅၈၁၅ကျပ် အသီးသီးဖြစ်ကြောင်း သိရသည်။

စက်သုံးဆီဈေးနှုနန်းများ ၄ပတ်ဆက်တိုက် ကျဆင်းလာမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ကုန်ကျစရိတ်အနည်းငယ်သက်သာလာနိုင်နည်ဟု လုပ်ငန်းရှင်အချို့ကမျှော်လင့်နေကြောင်းသိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့းဉါတွက်ချက် ထုတ်ပြန်ပေးလျက်ရှိပြီး၊သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်မကန်ခြင်းများ ရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃နှင့် ၀၉-၂၅၄၅၂၅၄၇၇တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရသည်။