
(နိုင်ငံတကာ)မေ ၁၄
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အထက်လွှတ်တော် အဆောက်အအုံအတွင်း ခိုလှုံနေသည့် နိုင်ငံရေးသမားတစ်ဦးမှာ ယခုအခါ လွှတ်တော်အတွင်း၌ မရှိတော့ကြောင်း ဖိလစ်ပိုင် အထက်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သွေးစွန်းသော”မူးယစ်ဆေးဝါးစစ်ပွဲ”ကို အဓိက အကောင် အထည်ဖော်ခဲ့သူ ရဲချုပ်ဟောင်း၊ အထက်လွှတ်တော်အမတ် ရော်နယ် “ဘာတို” ဒီလာရိုဆာ (Ronald “Bato” dela Rosa)သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ ၎င်းသည် လွှတ်တော်၏ အကာအကွယ်ကို ရယူထားခဲ့သော်လည်း ယခုအခါ အဆောက်အအုံအတွင်း မရှိတော့ကြောင်း လုံခြုံရေးအရာရှိချုပ်က အတည်ပြုခဲ့သည်ဟု အထက်လွှတ်တော်ဥက္ကဋ္ဌ အလန် ပီတာ ကေယီတာနိုက ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒီလာရိုဆာက ၎င်းအား ဖမ်းဆီးတော့မည်ဖြစ်သဖြင့် ဝိုင်းဝန်းကူညီကြရန် လူမှုမီဒီယာမှတစ်ဆင့် ထောက်ခံသူများကို တိုက်တွန်းခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က လွှတ်တော်အတွင်း သေနတ်သံများ ထွက်ပေါ်ကာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အစောင့်များ လွှတ် တော်သို့ ရောက်ရှိလာပြီး မရိန်းတပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူခဲ့ရကာ ပစ်ခတ်မှုအတွင်း သေနတ်သံ ၁၂ ချက်ထက်မနည်း ထွက်ပေါ်ခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် ကြာသပတေးနေ့တွင် အစိုးရနှင့် လုံခြုံရေးအကြီး အကဲများနှင့် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြု လုပ်ခဲ့သည်။ ပစ်ခတ်မှုနှင့် ပတ်သက်၍ လူတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။
အယ်လ်ဂျာဇီးယား သတင်းဌာန၏ အဆိုအရ ဒီလာရိုဆာသည် ကြာသပတေးနေ့ နံနက်အစောပိုင်း ၂ နာရီ သို့မဟုတ် ၃ နာရီခန့်တွင် အဆောက်အအုံအတွင်းမှ ထွက် ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် ဒီလာရိုဆာ၏ ရှေ့နေကမူ ၎င်း၏ အမှု သည်မှာ ထွက်ပြေးရန် အစီအစဉ်မရှိကြောင်း ညပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။
ဒီလာရိုဆာကမူ ၎င်းအား ICC ထံ လွှဲပြောင်းမည့်အရေးကို အတတ်နိုင်ဆုံး နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့သွားမည်ဟု ကြာသပတေးနေ့ နံနက်ပိုင်း ရေဒီယိုအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သမ္မတဟောင်း ဒူတာတေးမှာမူ ၂၀၂၅ ခုနှစ် မတ်လကတည်းက သည်ဟိဂ်(The Hague)ရှိ ICC ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေပြီဖြစ်သည်။ ဒူတာတေးလက်ထက် မူးယစ်ဆေးဝါးစစ်ပွဲအတွင်း လူပေါင်း ၁၂,၀၀၀ မှ ၃၀,၀၀၀ ကြား အသတ်ခံခဲ့ရသည်ဟု ICC က ခန့်မှန်းထားသည်။
#Philippines #RonaldDelaRosa #Bato #ICC #Duterte #Manila #BreakingNews #PositiveAngleNews #MarcosJr
Telegram»…
https://t.me/positiveanglenews
#PAN