
(နိုင်ငံတကာ)မေ ၁၄
အမေရိကန်-အစ္စရေးတို့ အီရန်နှင့် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ယူအေအီး (UAE) နိုင်ငံသို့ “လျှို့ဝှက်ခရီးစဉ်” လာရောက်ခဲ့သည်ဟူသော အစ္စရေးဘက်မှ ထုတ်ပြန်ချက်ကို ယူအေအီးအစိုးရက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ယူအေအီးအစိုးရပိုင်သတင်းဌာန (WAM) မှတစ် ဆင့် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထုတ်ပြန်ရာ၌ အစ္စရေးနှင့် ဆက်ဆံရေးမှာ လူသိရှင်ကြားဖြစ်သည့် “အီဘရာဟမ်သဘောတူညီချက်” (Abraham Accords) မူဘောင်အတွင်း၌သာ ရှိကြောင်း ဖော်ပြထားသည်။ “ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးဟာ လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် တရားမဝင် အစီအစဉ်တွေအပေါ် အခြေခံထားတာ မဟုတ်ပါဘူး။ ယူအေအီး အာ ဏာပိုင်တွေက ထုတ်ပြန်တာမျိုး မဟုတ်ရင် ဘယ်လျှို့ဝှက်ခရီး စဉ်အဆိုမဆို အခြေအမြစ်မရှိပါဘူး” ဟု ယူအေအီးဘက်က ဆို သည်။
ယခုတုံ့ပြန်မှုသည် နေတန်ယာဟု၏ရုံးခန်းက ဗုဒ္ဓဟူးနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် “အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်နေစဉ်အတွင်း နေတန်ယာဟုသည် ယူအေအီးသမ္မတ ရှိတ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်” ဟု ပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ် သည်။ အစ္စရေးဘက်ကမူ ယင်းခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် “သမိုင်းဝင်အောင်မြင်မှု” ဖြစ် သည်ဟု ဆိုသော်လည်း မည်သည့်ရက်တွင် သွား ရောက်ခဲ့သည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
လက်ရှိတွင် အထူးသဖြင့် အီရန်နှင့်ဆက်နွှယ်သော လုံခြုံရေးကိစ္စရပ်များ၌ အစ္စရေးနှင့် ယူအေအီးအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နေသည်ကို တွေ့ရသည်။ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကာဘီကလည်း အီရန်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် အစ္စရေး၏ Iron Dome လေကြောင်းကာကွယ်ရေးစနစ်များကို ယူအေအီးတွင် ဖြန့်ကျက်ထားကြောင်း ယခုအပတ်အတွင်း ပြောကြားခဲ့သည်။
မေလ ၅ ရက်နေ့တွင် အီရန်က ယူအေအီးကို တိုက် ခိုက်ခဲ့ပြီးနောက် နေတန်ယာဟုသည် ယူအေအီးသမ္မတထံ ဖုန်းဆက်၍ စာနာထောက်ထားကြောင်းနှင့် ယူအေအီး၏ တည် ငြိမ်ရေးအတွက် ကာကွယ်မည့် အစီအစဉ်များကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု WAM သတင်းအရ သိရသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်ဗုံးကြဲပြီးနောက် ယူအေအီးအပါအဝင် အာရပ်နိုင်ငံအချို့သည် အီရန်၏ ဒုံး ကျည်နှင့် ဒရုန်းတိုက် ခိုက်မှုများကို ခံခဲ့ရသည်။ ဧပြီ လ ၈ ရက်နေ့တွင် အမေရိကန်နှင့် အီရန်တို့အကြား နုနယ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း အခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။
တစ်ဖက်တွင်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာကမ်းမြောင်ဒေသတွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံထားရသူဖြစ်သည်။
#UAE #Israel #Netanyahu #IranWar #AbrahamAccords #BreakingNews #PositiveAngleNews #MiddleEastPolitics #SecurityNews
Telegram»…
https://t.me/positiveanglenews
#PAN